နောက်ဆုံးသတင်း/ဆောင်းပါးများ

ရွာအုပ်ချုပ်ရေးမှူးက သန်းခေါင်စာရင်းတွင် ဘင်္ဂလီ ဖြည့်ရန် ခြိမ်းခြောက် ပြောဆို



Rohingya Eye
RB News
1.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း နွားရုံတောင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်မြအောင်က ဒေသခံ ရိုဟင်ဂျာ များကို သန်းခေါင်စာရင်းတွင် ဘင်္ဂလီ ဖြည့်ရန် အတင်းအဓမ္မ ဖိအားပေး ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၃၁) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း နွားရုံတောင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်မြအောင်က ဒေသခံ ရိုဟင်ဂျာ ရွာသားများကို အစည်းအဝေး ခေါ်ယူ၍ သန်းခေါင်စာရင်း စစ်ဆေးမှု ခံယူရန်၊ သန်းခေါင်စာရင်းတွင် ဘင်္ဂလီဟုသာ ထွက်ဆိုရန် ဆဲဆို ကြိမ်းမောင်း၍ ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် ရိုဟင်ဂျာဟု ဖြည့်ချင်သူများသည် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ စာရင်း ပေးသွင်းရန် လိုသဖြင့် စာရင်း ပေးသွင်းရန် ပြောဆိုခဲ့သည်။

ညပိုင်းတွင် ရွာများ၌ လုံခြုံရေး တာဝန်ကို ရွာသားများ တာဝန်ယူခြင်းကို ပိတ်ပင်လိုက်ပြီး ရာအိမ်မှူး များသာ ကင်းစောင့်ရန် ညွန်ကြားခဲ့သည်။ ကင်းစောင့်ရာတွင်လည်း အရေးပေါ် အသုံးပြုရန် တုတ်များ ကိုင်ဆောင်ခြင်းကို ပိတ်ပင်လိုက်ပြီး ညပိုင်းတွင် တစ်စုံတစ်ရာ ပြဿနာ ဖြစ်ပေါ်လာပါက ၎င်းအနေဖြင့် တာဝန်ယူမည် မဟုတ်ကြောင်း၊ ရွာများသို့ အကြမ်းဖက်ရန် လာနိုင်သည့် အနေအထားမျိုး ရှိသည့် အသွင်သဏ္ဍန်ဖြင့် ခြိမ်းခြောက် ပြောဆို ခဲ့ကြောင်း သိရှိ ရပါသည်။

Comment ရေးရန်

Rohingya Exodus