နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော နာရီစင်ဘေးမှ လုံခြုံရေး လုံထိန်းများက အကြောင်းမဲ့ ငွေညှစ်

ယနေ့ ငွေညှစ်ခံရသူ၏ ပစ္စည်းများနှင့် တင်ဆောင်လာသည့် ဆိုက်ကား


RB News
9.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၂) ရပ်ကွက် နာရီစင် အနီးရှိ လုံခြုံရေး လုံထိန်းများက ဈေးမှ ပစ္စည်း ၀ယ်ယူပြီး ပြန်နေသူ တစ်ဦးထံမှ အကြောင်းမဲ့ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နေ့လည် ၁း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ မြို့မ စည်ပင်သာယာဈေးမှ ကုန်ပစ္စည်းများ ၀ယ်ယူ၍ အလယ်သံကျော် ကျေးရွာ အုပ်စုသို့ ပြန်နေသည့် သူတစ်ဦးသည် ပစ္စည်းများကို ဆိုက်ကားဖြင့် တင်ဆောင်၍ မြို့မကညင်တန်း ကားဂိတ်သို့ ယူလာနေစဉ် မောင်တော နာရီစင်ဘေး၊ မီးစက်ခွဆုံရှိ လုံခြုံရေး လုံထိန်းများက ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

“နေ့လည် တစ်နာခွဲမှာပါ။ အလယ်သံကျော်က ရိုဟင်ဂျာ တစ်ယောက်က မောင်တောမှာ ဈေးဝယ်ပြီး သူ့ရဲ့ ပစ္စည်းတွေကို မြို့မ ကညင်တန်းမှာ ရှိတဲ့ ကားဂိတ်ကို ဆိုက်ကားနဲ့ ယူသွားနေတဲ့ အချိန်မှာ နာရီစင်ဘေး မီးစက်ခွဆုံမှာ လုံခြုံရေး တာဝန်ယူထားတဲ့ လုံထိန်းတွေက ဆိုက်ကား သမားကို ရပ်ခိုင်းပြီး ပိုင်ရှင်ကို ခေါ်ခိုင်းတယ်။ ပိုင်ရှင် ရောက်လာတော့ ပိုင်ရှင်ကို လုံထိန်းတွေက ငွေ နှစ်သောင်းခွဲ တောင်းတယ်။ ပိုင်ရှင်က ငွေမပေးနိုင်ဘူး ပြောတော့ သေနတ်နဲ့ ချိန်ပြီး ပစ်သတ်မယ်လို့ ခြိမ်းခြောက်တယ်၊ နောက်ဆုံးမှာ အဲဒီလုံထိန်းတွေကို ငွေ ငါးထောင် ပေးတော့မှ သွားခွင့် ပေးလိုက်တယ်” ဟု ဖြစ်စဉ် အားလုံးကို မြင်တွေ့သည့် ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“ကျွန်တော်တို့ မောင်တောမြို့ပေါ်မှာ နာရီစင်ဘေး မီးစက်ခွဆုံမှာ လုံခြုံရေး ယူထားတဲ့ အဲဒီ လုံထိန်းတွေက လမ်းသွား လမ်းလာတွေကို နေ့စဉ်နဲ့ အမျှ အမျိုးမျိုး နှောက်ယှက်တယ်။ မကြာခဏ လမ်းသွားလမ်းသာ တွေကို ရိုက်တယ်။ ငွေညှစ်တယ်။” ဟု အဆိုပါ ဒေသခံမှ ဆက်လက် ပြောပါသည်။

မီးစက်ခွဆုံ လုံခြုံရေး ကင်းစခန်း ရှေ့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ရှိသော်လည်း ဖြစ်စဉ်များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးကို တိုင်ကြားလျှင် ပြစ်မှု ကျူးလွန်သူများမှာ လုံထိန်းများ ဖြစ်သောကြောင့် အရေးယူ ဆောင်ရွက် ပေးနိုင်ခြင်း မရှိဟု အဆိုပါ ဒေသခံမှ ပြောပါသည်။

Comment ရေးရန်

Rohingya Exodus