နောက်ဆုံးသတင်း/ဆောင်းပါးများ

ရေနောက်ငါးသား ကျေးရွာမှ ရွာသားနှစ်ဦးကို ရွာအုပ်ချုပ်ရေးမှူးက ထိတ်တုံးခတ်ထား




RB News
10.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ရေနောက်ငါးသား ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက ဖမ်းဆီး၍ ထိတ်တုံးခတ်ထားသည်ဟု သတင်း ရရှိပါသည်။

မေလ (၈) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရေနောက်ငါးသား ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ နှစ်ဦး ဖြစ်သည့် ဦးအဒူဂေါ်ဖုရ် (ဘ) ဦးအရှောဖာအလီ (အသက် ၅၅ နှစ်) နှင့် ဦးမော်တုလ်ဟူစိန် (ဘ) ဦးအာလ်သာဟူစိန်း (အသက် ၃၅ နှစ်) တို့ကို ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်မြ (ဒိုင်းနက် လူမျိုး) ကဖမ်းဆီး၍ ထိတ်တုံးခတ်ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ၎င်းတို့နှစ်ဦးကို ဖမ်းဆီး ထားသည့် အချိန်မှ ယခုအချိန်ထိ ထိတ်တုံးခတ်ထားပြီး အစားအသောက် ကျွေးမွေးခြင်းလည်း မရှိဟု ဒေသခံများက ဆိုသည်။

ထိတ်တုံးခတ်ထားခံ ရသူနှစ်ဦး၏ ဇနီးနှစ်ဦးတို့ အချင်းချင်း စကားများခဲ့သည်ကို ဆယ်အိမ်မှူး တစ်ဦးက ကြားသိခဲ့ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးထံ သတင်းပို့ခဲ့သည်။ စကားများသူ နှစ်ဦးတို့ ပြေလည် သွားကြပြီး၊ ကျေးရွာ အာဏာပိုင်များကို မတိုင်ကြားခဲ့သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေညှစ်ရန် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြက ၎င်းတို့နှစ်ဦးကို ငွေပေးမှသာ လွှတ်ပေးမည်ဟု ပြောနေပြီး၊ ထိတ်တုံးခတ်ခံ ထားရသူ နှစ်ဦးစလုံးမှာ ဆင်းရဲနွမ်းပါးသူများ ဖြစ်သဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ညှစ်နေသည့် ငွေကို ပေးနိုင်သည့် အခြေအနေ မရှိဟု ဒေသခံ များက ပြောပါသည်။

မေလ (၅) ရက်နေ့ကလည်း ကလေးငယ် နှစ်ဦး အချင်းချင်း စကားများ ရန်ဖြစ်သည်ကို အကြောင်းပြု၍ အဆိုပါ ကလေးငယ် နှစ်ဦး၏ မိဘများထံမှ ကျေးရွာ အုပ်ချုပ်ရေးမှူးက အကြောင်းမဲ့ ငွေညှစ်ခဲ့သည်။ ကလေးငယ် နှစ်ဦး၏ ဖခင်များဖြစ်သည့် ဦးမောင်စိုးအာလမ် (ဘ) ဦးရှော်ဘိအာလမ် ထံမှ ငွေကျပ် ၈၀၀၀၀/- နှင့် ဦးရာမတ် (ဘ) ဦးမာမတ်ကာဆင် ထံမှ ငွေကျပ် ၅၀၀၀၀/- အသီသီး ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus