နောက်ဆုံးသတင်း/ဆောင်းပါးများ

အပြစ်မဲ့ ၈ နှစ်အရွယ် ကလေးနှင့် လူကြီး တစ်ဦးကို ဖမ်းဆီး၍ ရိုက်နှက်ပြီး ငွေညှစ်




Rohingya Eye
RB News
12.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ်မှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို ဖမ်းဆီး၍ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၁၀) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ ၀ါးချ ကျေးရွာမှ ဦးဟာဖဲစ်အုလ္လာ (ဘ) ဦးကာလူ (အသက် ၄၇ နှစ်) သည် ၎င်း၏ နွားများကို ကျောင်းနေစဉ် မောရ၀တီရွာရှိ ရဲကင်းမှ ရဲများက အနီးရှိ ဥယျာဉ်ခြံထဲသို့ နွားများ ၀င်သည်ဟု ဆိုကာ မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးပြီး နယ်ခြားစောင့်တပ် နယ်မြေ (၇) ရုံးသို့ ခေါ်ဆောင် သွားခဲ့သည်။ ဦးဟာဖဲစ်အုလ္လာကို ဖမ်းဆီးသည့် အချိန်မှ စ၍ လူမဆန်စွာ ရိုက်နှက် နှိပ်စက်ခဲ့ပြီး၊ မေလ (၁၁) ရက် နံနက် (၉) နာရီ အချိန်တွင် ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိ ရပါသည်။ ရဲများက ရိုက်နှက် နှိပ်စက် ထားသည့် ဒဏ်ရာများကို အလယ်သံကျော်ရှိ ဆေးခန်းတွင် ကုသမှု ခံယူလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ မေလ (၁၀) ရက်နေ့ နေ့လည် (၃) နာရီတွင်ပင် ၀ါးချ ကျေးရွာမှ အသက် (၈) နှစ် အရွယ် အာနောစ် (ဘ) ဦးအန်ဇော်လ်ဟူဆောင်းသည် ကျေးရွာ၏ အရှေ့ဘက်ရှိ မိဘပိုင်ခြံမှ ထင်းခုတ်၍ ပြန်လာစဉ် မောရ၀တီ ရဲကင်း စခန်းမှ ရဲများက ဖမ်းဆီး၍ နယ်မြေရုံးသို့ ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါ ကလေးငယ်ကိုလည်း ရဲများက မညှာမတာ ရိုက်နှက် နှိပ်စက်ခဲ့ပြီး၊ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့သည်။ ရဲများ၏ ညှဉ်းပန်း နှိပ်စက်မှုကြောင့် ရရှိသည့် ဒဏ်ရာများကို အလယ်သံကျော်ရှိ ဆေးခန်းတွင် ကုသလျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးထံမှ ငွေကျပ် ၃ သိန်းကို နယ်မြေ (၇) တာဝန်ခံ ဒုရဲမှူးကြီး အဆင့် ရှိသူက ညှစ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus