နောက်ဆုံးသတင်း/ဆောင်းပါးများ

ကွာခြားချက်



ရေးသားသူ -- ယျာတင် (MYARF)
RB ကဗျာ
14.5.2014

ကွာခြားချက်

၉၆၉ အဖွဲ့အစည်းက
ဗုဒ္ဓဘာသာ နိုင်ငံတော် တည်ထောင်ဖို့ 
နည်းမျိုးစုံ သုံးနေတယ်....။

အချို့ဘုန်းကြီးတွေက
အမုန်းတရားတွေဟော....
အကြမ်းဖက်မှုတွေ
ဖန်တီးပြုလုပ်....
အကြောင်းပြတာက
ကိုယ့်မျိုးကိုယ်စောင့်ဖို့....
ကိုယ့်ဘာသာ ကိုယ်ကာကွယ်ဖို့ ....
နိုင်ငံတော်မှာ တရားဝင်ပြဌာန်းချင်တာက
မျိုးစောင့်ဥပဒေတဲ့....။

ရခိုင်တွေက
ရခိုင်နိုင်ငံတော် တည်ထောင်နိုင်ဖို့ 
နည်းမျိုးစုံ သုံးနေတယ်....။

RNDP က အစ
ALP က အလယ်
မြန်မာစစ်တပ်ထဲမှာရှိနေတဲ့
ရခိုင်လူမျိုး တပ်မတော်သားတွေကအဆုံး
အားလုံးပူးပေါင်းပြီး ကုလားမုန်းတီးရေးတွေဟောပြော....
မဟုတ်မမှန်စွပ်စွဲပြီး ရန်ပြုတိုက်ခိုက်....
အခြေအမြစ်မရှိတဲ့ စကားတွေပြောပြီး
ရိုဟင်တွေကို ဘင်္ဂလီလို့စွပ်စွဲ....
ရခိုင်လူမျိုးဖြင့် နယ်ခြားစောင့်တပ်
ဖွဲ့စည်းပေးရန် တောင်းဆို....

ပြောရလျှင်
ယနေ့ကမ္ဘာကြီးမှာ
အကြမ်းဖက်ဆုံးအဖွဲ့လို့တောင်
အတပ်ပြောနိုင်မယ့်အခြေအနေမျိုးမှာ....။

တို့ရိုဟင်ဂျာတွေ....
ရုန်းကန်နေတာက
ဆေးကုသမှုခံယူနိုင်ရေး
ဒုက္ခသည်ဖြစ်နေမှုမှ လွတ်မြောက်နိုင်ရေး
သွားလာနိုင်ရေး
ကိုးကွယ်နိုင်ရေး
စတဲ့အခြေခံအခွင့်အရေး အတွက်သာလျှင်ပါ....။

လှုပ်ရှားနေတာက
တန်းတူအခွင့်အရေးရရေး....။

မျှော်လင့်နေတာက
လူသားဘဝမျိုးဖြင့်
အသက်ရှင်သန် နေထိုင်သွားနိုင်ရေး....။

Comment ရေးရန်

Rohingya Exodus