နောက်ဆုံးသတင်း/ဆောင်းပါးများ

ဇော်မတက်နှင့် သံဒါ ကျေးရွာကြားရှိ လုံထိန်း ကင်းစခန်းမှ ရဲများက လုယက်လျက်ရှိ




Rohingya Eye
RB News
4.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာနှင့် သံဒါ ကျေးရွာ ကြားရှိ လုံထိန်း ကင်းစခန်းမှ လုံထိန်းရဲများက လမ်းမှ ဖြတ်သန်း သွားလာသည့် ရိုဟင်ဂျာများ ထံမှ လုယက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာနှင့် သံဒါ ကျေးရွာ ကြားရှိ လုံထိန်း ကင်းစခန်းမှ ဖြတ်သန်း သွားလာသည့် ဒေသခံ ရိုဟင်ဂျာများ ထံမှ ယာယီ သက်သေခံ ကဒ်ပြားများ သိမ်းဆည်းခြင်း၊ ပစ္စည်းများ၊ သား၊ငါး၊ ကြက်နှင့် ဟင်းသီးဟင်းရွက်များ သယ်ဆောင်လာသူ များထံမှ အတင်း အဓမ္မ လုယက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အဆိုပါ ကင်းစခန်းတွင် လုံထိန်းနှင့် လ.၀.က (၁၀) ဦးခန့် ရှိပြီး ကင်းစခန်း တာဝန်ခံမှာ ဒုရဲအုပ် တစ်ဦး ဖြစ်သည်။ ဒေသခံများက အဆိုပါ ကင်းစခန်းကို ဖြတ်၍ အလယ်သံကျော်မှ မောင်တောမြို့သို့ ကြက်များ၊ ဟင်းသီးဟင်းရွက်များ ရောင်းရန် သွားကြသူများ ရှိသလို၊ မောင်တောမြို့မှ စားကုန် ပစ္စည်းများကို ကား၊ စက်ဘီးများဖြင့် သယ်ယူ၍ ဇော်မတက်၊ သံဒါနှင့် အလယ်သံကျော် ကျေးရွာများတွင် ရောင်းချရန် သွားကြသူများ ရှိကြသည်။

ယခုကဲ့သို့ လုယက် နေခြင်းကြောင့် ဒေသခံများမှာ အလွန်တရာ နစ်နာ ဆုံးရှုံးလျက် ရှိပြီး၊ ယခုကဲ့သို့ လမ်းသွား လမ်းလာများကို လုယက်ခြင်းကို သန်းခေါင် စာရင်း ကောက်ခံပြီး နောက်ပိုင်းတွင် ပိုမိုဆိုးရွားစွာ လုပ်ကိုင်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ များသောအားဖြင့် စက်ဘီးဖြင့် ပစ္စည်းများ သယ်ယူသွားသူ များကို ပစ်မှတ်ထား၍ လုယက်လျက် ရှိပြီး၊ အများစုမှာ ဆင်းရဲနွမ်းပါးသူများက အရင်းအနှီး အနည်းငယ်ဖြင့် လုပ်ကိုင် စားသောက် နေသူများ ဖြစ်သောကြောင့် အရင်းပြုတ်၍ လုပ်ကိုင် စားသောက်ရန်ပင် မရှိသည့် ဘ၀သို့ ရောက်ရှိနေကြသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus