နောက်ဆုံးသတင်း/ဆောင်းပါးများ

ခိုးဝင် ဘင်္ဂလီ-ရခိုင် များနှင့် န.တ.လ ရွာသားများ အတွက် အစိုးမှ သိန်း ၄၀၀၀ ထောက်ပံ့




RB News
12.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်းရှိ ခိုးဝင် ဘင်္ဂလီ-ရခိုင် များနှင့် န.တ.လ ရွာသားများ အတွက် ပြည်ထောင်စု အစိုးရမှ ငွေကျပ် သိန်း ၄၀၀၀ ကျော်ရှိ ပစ္စည်းများ ထောက်ပံ့ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၇) ရက်နေ့ ညနေပိုင်းတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့် ဦးဆောင်သည့် အဖွဲ့သည် မောင်တောမြို့နယ်သို့ ရောက်ရှိခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ခိုးဝင်လာသည့် ဘင်္ဂလီ-ရခိုင်များနှင့် ပြည်မ အကျဉ်းထောင်များမှ ခေါ်ယူ၍ ရွာတည် ထားသည့် န.တ.လ ရွာသားများကို ကျပ်သိန်း ၄၀၀၀ ကျော်ရှိ ထောက်ပံ့ ပစ္စည်းများ ပေးအပ်ပြီး မေလ (၉) ရက်နေ့တွင် ထွက်ခွာ သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ ၀န်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ စည်ပင်သာယာ ၀န်ကြီး ဦးမြအောင်နှင့် ခရိုင်၊ မြို့နယ် အဆင့်မှ တာဝန်ရှိ ပုဂ္ဂိုလ်များသည် မေလ (၈) ရက်နေ့နှင့် (၉) ရက်နေ့များတွင် မောင်တောမြို့နယ်၊ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ခိုးဝင် ဘင်္ဂလီ-ရခိုင် များနှင့် န.တ.လ ရွာသားများ နေထိုင်သည့် ကျေးရွာ များသို့ ကွင်းဆင်း၍ ငွေကျပ် သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းများ ထောက်ပံ့ ပေးခဲ့ပြီး၊ မောင်တောမြို့နယ် တောင်ပိုင်းမှ ထွက်ခွာ သွားခဲ့သည်။

ခိုးဝင် ဘင်္ဂလီ-ရခိုင် များမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားဝင် တိုင်းရင်းသား၊ နိုင်ငံသားများ ဖြစ်ကြသော်လည်း အလကား ရမည့် အိမ်၊ခြံ၊ လယ်ယာမြေ များကို မျှော်ကိုးပြီး ရခိုင်ပြည်နယ် ထဲသို့ ဌာနဆိုင်ရာများနှင့် ဆက်သွယ်ပြီး တရားမ၀င်သော လမ်းကြောင်း များဖြင့် ၀င်ရောက် လာလျက် ရှိသည်။ အစိုးရမှ နေထိုင်ရေးနှင့် စားရေး သောက်ရေး အတွက် ထောက်ပံ့ ပေးလျက် ရှိသော်လည်း အများစုမှာ ဒေသခံ ရိုဟင်ဂျာများ၏ လယ်ယာမြေများ မတရား သိမ်းဆည်းပြီး ပေးအပ် နေခြင်း ဖြစ်သည်။

၁၉၉၀ နှောင်းပိုင်းတွင်လည်း န.စ.က ကိုတည်ထောင်ပြီး ပြည်မမှ လူသတ်မှု၊ ခိုးမှုနှင့် အခြားသော ပြစ်မှုကြီးများဖြင့် အကျဉ်းကျ နေသော အကျဉ်းသားများကို မောင်တောမြို့နယ်သို့ ခေါ်ဆောင်လာ၍ န.တ.လ ရွာများ တည်ပြီး၊ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေများ၊ အိမ်များကို မတရား သိမ်းဆည်း၍ နေရာချ ထားခဲ့သည်။

Comment ရေးရန်

Rohingya Exodus