နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့မှ လုယက်၊ ညှဉ်းပန်းနှိပ်စက် ငွေညှစ်မှုများ




MYARF
RB News
2.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဇော်မတက် ကျေးရွာမှ ဦးဆာဒဲခ် (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၄၃ နှစ်) နှင့် ဦးဆော်ယဒ်ဟူစိန်း (ဘ) ဦးနူရ်မာမတ် (အသက် ၂၈ နှစ်) တို့သည် မောင်တောမြို့မှ ၀ါးများ ၀ယ်ယူပြီး တွန်းလှည်းများဖြင့် ကျေးရွာများသို့ သွားရောက်၍ ရောင်းချ နေသူများ ဖြစ်သည်။ ဧပြီလ (၂၇) ရက်နေ့တွင် ၎င်းတို့ နှစ်ဦးသည် မောင်တောမြို့မှ ၀ါးများ ၀ယ်ယူ၍ တွန်းလှည်းဖြင့် အလယ်သံကျော် ကျေးရွာတွင် ရောင်းချရန် သယ်ယူ သွားစဉ် ဇော်မတက် ကျေးရွာ အခြေစိုက် ရဲကင်းစခန်းမှ လုံထိန်းရဲများက ငွေကျပ် ၅ သောင်း တန်ဖိုးရှိ ၀ါးများကို မတရား သဖြင့် သိမ်းဆည်း လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ၎င်းတို့ နှစ်ဦးသည် ၀ါးများကို အကြွေးဖြင့် ၀ယ်ယူ၍ ရရှိသည့် အမြတ်များဖြင့် မိသားစု စားဝတ်နေရေး ဖြေရှင်း နေရသူများ ဖြစ်ပြီး၊ ယခုကဲ့သို့ မတရား သဖြင့် သိမ်းဆည်းခံရသဖြင့် မိသားစု စားဝတ်နေရေး အပြင် အကြွေးများပင် တင်သွားသဖြင့် လုပ်ကိုင် စားသောက်ရန်ပင် ခက်ခဲ သွားကြောင်း သိရှိရပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ ဘင်္ဘောကွဲ ကျေးရွာ အုပ်စုမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ကော်ရီယာသည် နယ်ခြား စောင့်တပ်များနှင့် ပူးပေါင်း၍ ဦးနူရူဟောက် (ဘ) ဦးဆွေဒေါ်ရာမန်နှင့် ဦးအဒူလ္လာ (ဘ) ဦးဟာမီဒုလ္လာ တို့ကို ဧပြီလ (၂၈) ရက်နေ့ ညသန်းခေါင်ယံတွင် ဖမ်းဆီး၍ ၎င်း၏ နွားတဲတွင် ချည်နှောင် ထားပြီး လူကုန်ကူးနေသူများဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၈ သိန်း ညှစ်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း မတရား သဖြင့် ဖမ်းဆီးခံရသူ နှစ်ဦးက ၎င်းတို့သည် အပြစ်မဲ့များ ဖြစ်သောကြောင့် မပေးနိုင်ဟု ပြောသဖြင့် ဧပြီလ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် အင်းဒင် ရဲစခန်းသို့ ပို့ခဲ့သည်။ အင်းဒင် ရဲစခန်းမှ ရဲများက ၎င်းတို့ နှစ်ဦးထံမှ ငွေကျပ် ၅ သိန်း ညှစ်ယူ၍ ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်။ ပြန်လည် လွတ်မြောက်လာသူ နှစ်ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ကော်ရီယာက ရဲများကို ပေးသည့် ငွေ ၅ သိန်းမှ ၎င်းအနေဖြင့် ခွဲတမ်း မရသောကြောင့် ၎င်းကို ငွေ ၂ သိန်းပေးရန် တောင်းခံရာ မတရား ဖမ်းဆီးခံရသူ နှစ်ဦးက မပေးနိုင်ဟု ပြောသဖြင့် ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများဖြင့် ဖမ်းဆီးရန် ကြိုးစားလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဧပြီ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဘောကွဲ ကျေးရွာရှိ ဆွေမျိုးများထံသို့ ဒုညောင်ပင်ကြီး ကျေးရွာမှ အလည်ရောက်ရှိ လာသည့် ဦးဟာဘိအုလ္လာ (ဘ) ဦးဂျော်မိလ်ကို သင်္ဘောကွဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ကော်ရီယာနှင့် နယ်ခြား စောင့်တပ်များက ဖမ်းဆီး၍ လူကုန်ကူး နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၃ သိန်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မေလ (၁) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာမှ ဦးအဘူဘကရ်ဆီဒိခ် (ဘ) ဦးအဒူလ်ဟာရှိမ်၏ ငွေကျပ် ၂ သိန်းကျော် တန်ဖိုး ရှိသည့် ဆိတ် (၄) ကောင်ကို ဒုချီးရားတန်း ကျေးရွာ အုပ်စု ကင်းချောင်းရွာမှ ဦးကေတီမောင် (ဘ) ဦးလှကြည်က လုယူသွားခဲ့သည်။ ဦးအဘူဘကရ်ဆီဒိခ်၏ ဇနီး ဖြစ်သူက ပြန်တောင်းသည့် အခါ သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus