နောက်ဆုံးသတင်း/ဆောင်းပါးများ

ညီကြပါ ..




ရေးသားသူ -- ယျာတင် (MYARF)
RB ကဗျာ
18.5.2014
 
ညီကြပါ ..
 
မတူအတွေး ညှိကာဖြေရှင်း 
စိတ်ဝမ်းမခွဲ ကိုယ့်အချင်းချင်း 
စိတ်ဝမ်းခွဲလျှင် အောင်မြင်မည့်မထင်...။ 
 
ဖိနှိပ်ခံဆုံး စာရင်းထဲဝင် 
ထိုသူတို့မှာ တို့ရိုဟင်ဂျာပင် 
အဲ့ဒါအမြဲ စိတ်ထဲမှာသွင်း...။ 
 
အလင်းပျောက်သော ဘဝပိုင်ရှင် 
အမှောင်ထဲနေ စိတ်ဝမ်းခွဲလျှင် 
အလင်းဘယ်ခါမှ ရမည်မထင်...။ 
 
ရိုဟင်ဂျာသည် အာရ်ကာန် ပိုင်ရှင် 
ဖြစ်လင့်ကစား စွန့်ခွာဖို့တောင်း 
ဒီအချိန်မှာ မညီနိုင်လျှင် 
နိုင်ငံမဲ့ဘဝ ရောက်ရမည်ပင်....။ 
 
နေသင့်တာက ခင်ခင်မင်မင် အဃာတအမုန်း ထားရှိပါလျှင် 
အောင်မြင်မှုနှင့် ဝေးဦးမှာပင်....။ 
 
တွေးတောကြပါ ရိုဟင်ဂျာ့ညီနောင် 
မတူအတွေး ညှိကာဖြေရှင်း
ခိုင်မြဲလက်တွဲ အခုလက်ငင်း 
ရှေ့ဆက်သွားပြီး အရယူရအောင် 
တို့တစ်တွေရဲ့ မူလ Freedom....။

Comment ရေးရန်

Rohingya Exodus