နောက်ဆုံးသတင်း/ဆောင်းပါးများ

၂၅ နှစ်အရွယ် ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို အုပ်စုလိုက် မုဒိန်းကျင့်




RB News
20.5.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ အသက် ၂၅ နှစ်အရွယ် ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို ရဲမှူး တစ်ဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးရုံးမှ နှစ်ဦးတို့က အုပ်စုလိုက် မုဒိန်းကျင့် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ ၁၉ ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ လိပ်ရကျေးရွာ အုပ်စု အခြေစိုက် အမှတ် (၄) နယ်မြေ၊ နယ်မြေမှူး ရဲမှူး ဝေလင်းကိုနှင့် လိပ်ရကျေးရွာ အုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးမှူး၏ တပည့် ဦးမောင်မောင်တို့သည် လိပ်ရကျေးရွာ အုပ်စု၊ အလယ်ရွာရှိ မ ----- (ဘ) ဦး ----- အိမ်သို့ ဧည့်စာရင်း စစ်ရန် ရှိသည်ဟု ဆိုကာ ၀င်ရောက်ခဲ့သည်။

အဆိုပါ ရဲမှူးနှင့် ရွာအုပ်ချုပ်ရေး အဖွဲ့ဝင် နှစ်ဦးတို့သည် အရက်သေစာ သောက်စား မူးယစ် နေကြပြီး၊ နေအိမ်ထဲသို့ ရောက်သည်နှင့် တပြိုင်နက် မ----- ကို အုပ်စုလိုက် မုဒိန်းကျင့်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ မ---- သည် နေအိမ်တွင် တစ်ဦးတည်း ဖြစ်နေသောကြောင့် အကူအညီမဲ့ ဖြစ်ကာ လူမဆန်သည့် ရဲမှူး ဝေလင်းကိုနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင် တို့၏ တဏှာ သားကောင် ဖြစ်ခဲ့ရသည်။

ရဲမှူး ဝေလင်းကိုနှင့် အဖွဲ့သည် အဆိုပါ အမျိုးသမီးကို အကယ်၍ ဌာနဆိုင်ရာများနှင့် တစ်ဦးဦးကို အကြောင်းကြားပါက တရားမ၀င် ဖုန်းကိုင်ဆောင်သည်ဟု ဆို၍ ဖမ်းဆီးပြီး ထောင်ချမည်၊ သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus