နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မြို့နယ်တွင် မင်္ဂလာဆောင် ကိစ္စ ဆွေးနွေး နေသူများကို ဖမ်းဆီးထား




RB News
2.5.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ကျောက်ဖြူသား သေကံ ကျေးရွာ အုပ်စု၊ သေကံရွာတွင် သားရေး သမီးရေး တိုင်ပင် ဆွေးနွေးနေသူ (၄) ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဖမ်းဆီးပြီး ရဲကင်း စခန်းတွင် ချုပ်နှောင် ထားကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၃၀) ရက်နေ့ ည ၈ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ်၊ ကျောက်ဖြူသား သေကံ ကျေးရွာ အုပ်စု၊ သေကံရွာတွင် မင်္ဂလာဆောင် ကိစ္စ ပြောဆို ဆွေးနွေးခဲ့သူ (၄) ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စောလှက မေလ (၁) ရက်နေ့ နေ့လည် (၃) နာရီ အချိန်တွင် စေတီတောင် အခြေစိုက် လုံထိန်းကင်း စခန်းမှ လုံထိန်းများ စေလွှတ်ပြီး ဖမ်းဆီး၍ ရဲကင်းစခန်းတွင် ချုပ်နှောင် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဖမ်းဆီးခံ ရသူများကို မိသားစုများနှင့် တွေ့ဆုံခွင့် မပေးဘဲ၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်နေသည်ဟု ဒေသခံများက ဆိုသည်။ ဖမ်းဆီးခံရသူ (၄) ဦးမှာ --

(၁) ဦးနူရ်ဟူဆောင်း (အသက် ၅၅ နှစ်)
(၂) ဦးရှုကူရ် (အသက် ၆၀ နှစ်)
(၃) ဦးမော်တော်လောဖ် (အသက် ၄၀ နှစ်)
(၄) ဦးအဘူဘကရ်ဆိဒိတ် (အသက် ၄၅ နှစ်) -- တို့ဖြစ်သည်။

လွန်ခဲ့သည့် အပတ်က အဆိုပါရွာတွင် ရာအိမ်မှူး ဖြစ်သူ ဦးအဒူရော်ဟိမ်းက ဒေသခံများကို ရိုက်နှက် နှိပ်စက်ခြင်းများ မကြာခဏ ပြုလုပ်ခဲ့သဖြင့် ဒေသခံ ရိုဟင်ဂျာများက မြို့နယ် အုပ်ချုပ်ရေးမှူး ထံသို့ တိုင်ကြားစာ ပို့ခဲ့ရာ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးက အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဘဲ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ကိုသာ အသိပေးခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဆိုပါ ရာအိမ်မှူး တို့ပူးပေါင်း၍ တိုင်ကြားသူများကို နောက်နောင် တိုင်ကြားခြင်း မပြုလုပ်ပါဟု ခံဝန်ချက် လက်မှတ် ရေးထိုးခိုင်း ခဲ့သည်။ ဒေသခံများက မြို့နယ် အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့သည်ကို မကျေနပ်၍ ယခုကဲ့သို့ အပြစ်မဲ့ များကို ဖမ်းဆီး၍ ချုပ်နှောင် ထားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus