နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်တွင် ဆိုင်ကယ် တိုက်ခံရသူ ငွေညှစ်ခံရ




MYARF
RB News
7.5.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် ဆိုင်ကယ် တိုက်ခံရသူကို ယာဉ်ထိန်းရဲက လူမျိုးရေး ခွဲခြားမှုများ ရိုင်းပျစွာ ပြောဆိုပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၅) ရက်နေ့ နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် အလယ်ချောင်း ကျေးရွာမှ ဦးအနိုဝါရ် (ဘ) ဦးရှော်ဘီရာမန်သည် ဘူးသီးတောင်မြို့ပေါ်မှ ဆိုင်ကယ်ဖြင့် အိမ်ပြန် နေစဉ် ကကျက်ဘက် ကံပြင် ကျေးရွာရှိ သစ်တော ရေးရာ ဦးစီးဌာန ရုံးရှေ့သို့ ရောက်သည့် အခါ ရခိုင် လူမျိုး တစ်ဦးက စီးနင်းလာသည့် ဆိုင်ကယ်ဖြင့် ၎င်းကို ၀င်တိုက် ခဲ့သည်။

ရခိုင်လူမျိုးက ဆိုင်ကယ်ဖြင့် ၀င်တိုက်ခဲ့သော်လည်း ယာဉ်ထိန်းရဲ ဖြစ်သူ ဦးသန်းရွှေက ဦးအနိုဝါရ်ကိုသာ ဖမ်းဆီး ခဲ့သည်။ ဦးအနိုဝါရ်က မိမိက တိုက်ခဲ့ခြင်း မဟုတ်ကြောင်း၊ မိမိကသာ ဆိုင်ကယ်ဖြင့် တိုက်ခြင်း ခံရသူ ဖြစ်ကြောင်း ရှင်းပြသော်လည်း ယာဉ်ထိန်းရဲ ဦးသန်းရွှေက “ဘယ်သူဘဲ တိုက်တိုက် မင်းကိုဘဲ အပြစ်ပေးရမယ်၊ ဘာကြောင့်လဲ ဆိုတော့ မင်းက ကုလား၊ သူက တိုင်းရင်းသား ဖြစ်လို့” ဟု ရိုင်းပျစွာ လူမျိုးရေး ခွဲခြား ပြောဆိုပြီး၊ ဆိုင်ကယ် တိုက်ခံရသူ ဦးအနိုဝါရ် ထံမှ ငွေကျပ် ၇၀၀၀၀/- (ခုနှစ်သောင်း) ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus