နောက်ဆုံးသတင်း/ဆောင်းပါးများ

၁၀ နှစ် အရွယ် ကလေး တစ်ဦး ထော်လာဂျီဖြင့် တိုက်မိပြီး သေဆုံး

ထော်လာဂျီဖြင့် တိုက်မိပြီး သေဆုံး ရသည့် ကလေးငယ်



RB News
9.5.2014

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ရခိုင် လူငယ် တစ်ဦး မောင်းနှင် လာသည့် ထော်လာဂျီဖြင့် ၁၀ နှစ် အရွယ် ရိုဟင်ဂျာ ကလေးငယ်ကို တိုက်မိပြီး၊ ကလေးငယ် သေဆုံး ခဲ့ရကြောင်း သတင်း ရရှိပါသည်။

မင်းပြားမြို့နယ်၊ ပန်းမြောင် ကျေးရွာ အုပ်စု၊ ရွာဟောင်း ရပ်ကွက်မှ မောင်နေထွန်းလင်း (ဘ) ဦးကျော်တင် (အသက် ၁၉ နှစ်) သည် မေလ ၈ ရက်နေ့ နေ့လည် ၃း၃၀ နာရီတွင် ၎င်းမောင်းနှင်လာသော ထော်လာဂျီဖြင့် နဂရာ ကျေးရွာ အုပ်စု၊ သရက်အုပ် ကျေးရွာမှ ဆိုက်ဖုလ် အစ္စလာမ် (ဘ) ဦးမာမတ်ဇူလ္လာ (အသက် ၁၀ နှစ်) ကို တိုက်မိခဲ့သည်။ ၁၀ နှစ် အရွယ် ကလေးငယ်သည် ထော်လာဂျီဖြင့် တိုက်မိ၍ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိ၍ သေဆုံးခဲ့ ရကြောင်း သိရှိရပါသည်။

အဆိုပါ ကလေးငယ် သေဆုံးခြင်းနှင့် ပတ်သက်၍ ပန်းမြောင် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ လာရောက်ပြီး စစ်ဆေး၍ အမှုဖွင့်ရန် စီစဉ်လျက် ရှိသည်ဟု ကြားသိရသော်လည်း ယခု အချိန်ထိ ရဲတပ်ဖွဲ့များ လာရောက် စစ်ဆေးခြင်းနှင့် ပတ်သက်၍ RB News မှ သီးခြား အတည်ပြုနိုင်သည့် သတင်း မရရှိသေးပါ။

Comment ရေးရန်

Rohingya Exodus