နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် သရက်ပြင် အုပ်ချုပ်ရေးမှူးက ဒေသခံ သုံးဦးထံမှ ငွေညှစ်




RB News
28.5.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်သည် ဒေသခံ ရိုဟင်ဂျာ သုံးဦးကို မဟုတ်မမှန် စွပ်စွဲ ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ သရက်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်သည် အမှတ် (၂၁) စခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များကို ခေါ်ယူ၍ ဦးဟာမိတ်ဟူဆောင်း၏ နေအိမ်ကို ၀င်ရောက် ရှာဖွေခဲ့သည်။ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်က ဦးဟာမိတ်ဟူဆောင်း၏ နေအိမ်တွင် တရားဝင် ဧည့်စာရင်း တိုင်ကြား၍ နေထိုင်နေသည့် ဦးမာမတ်ဆီဒိတ် (ဘ) ဦးအလီအာမတ်ကို ဦးဟာမိတ်ဟူဆောင်း၏ သမီးဖြစ်သူနှင့် တရားမ၀င် ပေါင်းသင်း နေထိုင်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဦးမာမတ်ဆီဒိတ်ကို ၎င်း၏ နေအိမ်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်က ဦးမာမတ်ဆီဒိတ်ကို လူမဆန်စွာ ရိုက်နှက်ပြီး ငွေကျပ် ၅ သိန်း ညှစ်ရာ၊ သည်းမခံနိုင်တော့သည့် အဆုံးတွင် အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်ကို ငွေကျပ် ၅ သိန်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် ဦးတာရဲခ် (ဘ) ဦးအော်လီအာမတ်နှင့် ဦးရှောမ်ရှု (ဘ) ဦးနူရ်မာမတ် တို့ကို အကြမ်းဖက်သမား များကို ထမင်းကျွေးသည်ဟု အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်က လုပ်ကြံစွပ်စွဲ၍ ဦးတာရဲခ် ထံမှ ငွေကျပ် ၃ သိန်းနှင့် ဦးရှောမ်ရှု ထံမှ ငွေကျပ် ၂ သိန်း ၃ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး များသည် လုပ်ပိုင်ခွင့် အာဏာကို အလွှဲသုံးစား ပြုလုပ်ပြီး ဒေသခံများကို ရဲလက်သို့ အမှုဆင်၍ အပ်မည်ဟု ခြိမ်းခြောက်သောကြောင့် အုပ်ချုပ်ရေးမှူး၏ ညှဉ်းပန်းနှိပ်စက်မှု ဒဏ်နှင့် ငွေညှစ်မှုဒဏ်ကို အပြစ်မဲ့ ရွာသားများ အလူးအလဲ ခံနေကြရသည်။

Comment ရေးရန်

Rohingya Exodus