နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဒေသခံများကို ဖမ်းဆီး၍ ငွေညှစ်




RB News
31.5.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဒေသခံ ရိုဟင်ဂျာ လေးဦးကို ဖမ်းဆီး၍ ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၂၈) ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူသား သေကံ ကျေးရွာ အုပ်စု၊ ဂုံးနားရွာသို့ ကျောက်ဖြူသား သေကံ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၃) ဦး၊ ညောင်ချောင်း ကျေးရွာ အုပ်စု အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၁၀) ဦးတို့ ရောက်ရှိလာပြီး၊ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး၊ ညောင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ချုပ်နှောင် ထားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကျောက်ဖြူသား သေကံ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှနှင့် ရာအိမ်မှူး အချို့၏ ညှဉ်းပန်း နှိပ်စက် ငွေညှစ်မှုနှင့် ပတ်သက်၍ ဒေသခံ ရွာသားများက မြို့နယ် အုပ်ချုပ်ရေးမှူးသို့ လိပ်မူ၍ တိုင်ကြားစာ ပို့ခဲ့သည့် ကိစ္စကို ကျေးရွာ အုပ်ချုပ်ရေးမှူးက မကျေနပ်၍ ဒေသခံ ရွာသား ၄ ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ဖမ်းဆီးခိုင်းပြီး ငွေညှစ်ခြင်း ဖြစ်သည်ဟု ဒေသခံများ ဆိုသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည့် အမျိုးသား၊ အမျိုးသမီး (၄) ဦးကို ညောင်ချောင်း စခန်းတွင် လူမဆန်စွာ ရိုက်နှက် နှိပ်စက်ခဲ့ပြီးနောက် ၎င်းတို့ တောင်းခံသည့် ငွေရမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူ များမှာ --

(၁) ဦးရော်ရှိတ် (ဘ) ဦးနော်ဇီဟူဆောင်း (ညှစ်ခံရသည့် ငွေကျပ် ၅၀၀၀၀/-)
(၂) ဦးရော်ဖိခ် (ဘ) ဦးရော်ရှိတ် (ညှစ်ခံရသည့် ငွေကျပ် ၅၀၀၀၀/-)
(၃) ဒေါ်အာယေရှာခါတူ (ဘ) ဦးမာမတ်ရော်ဖိခ် (ညှစ်ခံရသည့် ငွေကျပ် ၃၀၀၀၀/-)
(၄) ဒေါ်မာဂျီဒါ (ဘ) ဦးရာမောက်ဒုလ္လာ (ညှစ်ခံရသည့် ငွေကျပ် ၂၅၀၀၀/-) -- တို့ဖြစ်ပါသည်။

Comment ရေးရန်

Rohingya Exodus