နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျားခေါင်းတောင်ရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒေသခံများထံမှ ငွေညှစ်




Rohingya Eye
RB News
27.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်နှင့် တပ်သား တစ်ဦးတို့က ဒေသခံ ရိုဟင်ဂျာအချို့ကို ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၂၄) ရက်နေ့ ည ၁၂ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ ကျားခေါင်းတောင် ကျေးရွာ (ရာဘေးလ်လာ) အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် တစ်ဦးနှင့် တပ်သား အောင်နိုင်ဦး တို့သည် ကျားခေါင်းတောင် ကျေးရွာသို့ သွားရောက်၍ ဦးနူရ်ကော်ဘိရ် (ဘ) ဦးအဘူလ်ဟူဆောင်း (အသက် ၃၅ နှစ်) ကို အာလူး မှောင်ခိုလုပ်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

ဦးနူရ်ကော်ဘိရ်ကို ဖမ်းဆီး ခေါ်ဆောင် သွားပြီးနောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် တပ်သား အောင်နိုင်ဦးက လူမဆန်စွာ ညှဉ်းပန်း ရိုက်နှက် နှိပ်စက်ခဲ့ရာ ဦးနူရ်ကော်ဘိရ်က သည်းမခံ နိုင်တော့သည့် အဆုံး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ တောင်းသည့် ငွေကျပ် တစ်သိန်းကို ပေး၍ မေလ (၂၅) ရက်နေ့ နံနက် လင်းအားကြီး အချိန်တွင် လွတ်မြောက်လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုနေ့ည ၁၂ နာရီခန့် အချိန်တွင်ပင် ကျားခေါင်းတောင် ကျေးရွာမှ ဦးရော်ရှိတ်ဒူလ္လာ (ဘ) ဦးဖွေယာစ်ဇူလ္လာ (အသက် ၄၅ နှစ်) ကို အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ပုံမှန် ကင်းစောင့် ရမည့် အချိန်တွင် ကင်းစောင့်ရန် မသွားဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၅ ထောင်နှင့် ကြက် တစ်ကောင် ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

တပ်သား အောင်နိုင်ဦးသည် ရခိုင်လူမျိုး အစွန်းရောက် တစ်ဦး ဖြစ်ပြီး ကျားခေါင်းတောင် ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာ များကို ဆိုးဆိုးရွားရွား ညှဉ်းပန်း နှိပ်စက် နေသူ တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးချော်ရိဒ်အုလ္လာ ကလည်း ဒေသခံ ရိုဟင်ဂျာ ရွာသားများကို ကာကွယ် ပေးနိုင်ခြင်း မရှိကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus