နောက်ဆုံးသတင်း/ဆောင်းပါးများ

အိုအိုင်စီမှ မြန်မာနိုင်ငံ အတွက် အထူး သံတမန် ခန့်အပ်

အိုအိုင်စီ၏ အထူးသံတမန် Tan Dato Seri Syed Hamid Albar


RB News
10.5.2014

အစ္စလာမစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (အိုအိုင်စီ) အထွေထွေ အတွင်းရေးမှူးချုပ် Mr. Iyad Ameen Madani က မလေးရှားနိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးဟောင်း Tan Dato Seri Syed Hamid Albar ကို မြန်မာနိုင်ငံ အတွက် အထူး သံတမန် အဖြစ် ခန့်အပ်လိုက်ကြောင်း ယနေ့ ထုတ်ပြန် ကြေညာလိုက်ပါသည်။

Tan Dato Seri Syed Hamid Albar သည် အတွေ့အကြုံ ရင့်ကျက်သည့် ဥပဒေ ပညာရှင် တစ်ဦး ဖြစ်ပြီး၊ ၀ါရင့် နိုင်ငံရေး သမား တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် အစိုးရ အဖွဲ့၏ အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သူ တစ်ဦး ဖြစ်ပြီး၊ မလေးရှား နိုင်ငံတွင် ဥပဒေ ရေးရာ ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ကာကွယ်ရေး ၀န်ကြီးဌာန တို့၏ ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူလည်း ဖြစ်သည်။

အိုအိုင်စီ၏ အထူး သံတမန် တာဝန်ဖြင့် မြန်မာ အာဏာပိုင်များနှင့် အိုအိုင်စီ တို့အကြား သံတမန် ဆက်ဆံရေးကို ပိုမို ခိုင်မာလာစေမည် ဖြစ်ပြီး၊ အခြားသော ဒေသများနှင့် နိုင်ငံတကာမှ တာဝန်ရှိသူများနှင့် အတူ အပြန်အလှန် နွေးထွေးစွာ ဆွေးနွေးမှုများ ပြုလုပ်ပြီး မတူကွဲပြားသည့် လူမျိုးစုများ အကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးများ ပြန်လည် တည်ဆောက် နိုင်အောင် ကြိုးစားသွားမည် ဖြစ်သည်။

အိုအိုင်စီ အထွေထွေ အတွင်းရေးမှူးချုပ်က မစ္စတာအယ်လ်ဘာ၏ ကိုယ်ပိုင် စွမ်းဆောင်မှု၊ အတွေ့အကြုံများဖြင့် သတ်မှတ်ထားသည့် တာဝန်များကို လုပ်ဆောင်သွားနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် မစ္စတာအယ်လ်ဘာ၏ လုပ်ငန်း ဆောင်တာများ အောင်မြင်စွာ ပြီးဆုံးရေး အတွက် အိုအိုင်စီ အဖွဲ့ဝင် နိုင်ငံများ အားလုံးကို ၀ိုင်းဝန်း ကူညီပေးရန် မေတ္တာရပ်ခံကြောင်း အိုအိုင်စီ၏ အင်တာနက် စာမျက်နှာတွင် ရေးသား ဖော်ပြထားပါသည်။

Comment ရေးရန်

Rohingya Exodus