နောက်ဆုံးသတင်း/ဆောင်းပါးများ

အောက်ပြူးမ ကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာသား တစ်ဦးကို လူမဆန်စွာ ရိုက်နှက်




Rohingya Eye
RB News
25.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ အောက်ပြူးမ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက ဒေသခံ ရိုဟင်ဂျာ ရွာသား တစ်ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၂၂) ရက်နေ့ ည ၁၀း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း အောက်ပြူးမ ကျေးရွာ (ကာဆာဘီလ်) နေ ဦးမူခ်တာရ်ဟူစိန်း (ဘ) ဦးအေဇာရ်ဟူစိန်း (အသက် ၃၀ နှစ်) သည် ချောင်းတွင် ငါးဖမ်းနေစဉ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဘသိန်း ရောက်ရှိလာပြီး ငါးဖမ်းနေသည်ကို ပြစ်တင် ဆဲဆို၍၊ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက် ရိုက်နှက်ခဲ့ရာ ဦးမူခ်တာရ်ဟူစိန်းမှာ ကောင်းမွန်စွာ လမ်းမလျှောက် နိုင်တော့သလို၊ စကားလည်း ကောင်းမွန်စွာ မပြောဆို နိုင်တော့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးမူခ်တာရ်ဟူစိန်းကို ဒေသခံ ရွာသားများက ထမ်း၍ နေအိမ်သို့ ခေါ်ဆောင်လာခဲ့ရပြီး၊ အုပ်ချုပ်ရေးမှူး ဦးဘသိန်း၏ လူမဆန်သော လုပ်ရပ်များကို ဒေသခံ ရပ်မိရပ်ဖ များက သွားရောက်၍ ပြစ်တင် ဝေဖန်သည့် အခါ ဦးဘသိန်းက ၎င်း၏ ၀တ္တရားကို ရွာသားများက ၀ိုင်းဝန်း နှောက်ယှက် နေသည်ဟု လီဆယ်၍ အထက် အာဏာပိုင်များထံ စာရေးသား၍ တိုင်ကြားခဲ့ကြောင်း သိရှိရပါသည်။

အုပ်ချုပ်ရေးမှူး ဦးဘသိန်းက ဒေသခံ ရပ်မိရပ်ဖများကို သက်ဆိုင်ရာ ဌာနများမှ တဆင့် ၀တ္တရား နှောက်ယှက်မှုဖြင့် တရားစွဲဆို သွားမည်ဟု ပြောဆိုကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus