နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြား စောင့်တပ် ကင်းစခန်းများမှ ရိုက်နှက် ငွေညှစ်မှုများ နေ့စဉ် ပြုလုပ်လျက်ရှိ




RB News
1.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကားလမ်းဘေး တစ်လျှောက်ရှိ နယ်ခြား စောင့်တပ် လုံခြုံရေး ကင်းစခန်းများက လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများကို ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယနေ့ (မေလ ၁) နံနက် ၁၀ နာရီခန့်တွင် အင်းဒင် စခန်းရှေ့မှ ဖြတ်သန်းသွားသည့် သ၀င်ချောင်း ကျေးရွာသား ဆိုင်ကယ် တက္ကစီ မောင်းသူ ဦးဆီရာဇ်ကမာလ် (ဘ) ဦးနူရ်ဆလာမ်နှင့် ဦးအီဆုဖ် (ဘ) ဦးဘော်ဆိရ် အာမတ် တို့ကို စခန်းရှေ့မှ ဖြတ်သန်းခ ငွေကျပ် ၅၀၀ ပေးရန် ပျက်ကွက်သည်ဟု ဆိုပြီး ကင်းစခန်းမှ ရဲများက ဖမ်းဆီး၍ အင်းဒင် စခန်းတွင် ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးအား မူးယစ် ဆေးဝါး ရောင်းဝယ် နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ အမှုဆင် ထောင်ချမည်ဟု ခြိမ်းခြောက်သည့် အပြင် လူမဆန် ရိုက်နှက်ခဲ့သည်။ ညနေ ၅ နာရီ အချိန်တွင် ငွေကျပ် တစ်သိန်း ပေးလျှင် လွှတ်ပေးမည်ဟု ဆိုသဖြင့် ငွေကျပ် တစ်သိန်း ပေး၍ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဥဒေါင်း ကျေးရွာ အုပ်စုရှိ ကင်းစခန်းမှ နယ်ခြား စောင့်တပ် တပ်ဖွဲ့ဝင် များသည် လမ်းသွား လမ်းလာ ဒေသခံ ရိုဟင်ဂျာ များထံမှ ငွေကျပ် ၂၀၀ စီ ညှစ်လျက် ရှိပြီး၊ တွန်းလှည်းဖြင့် ပစ္စည်းရောင်း၍ အသက်မွေးဝမ်း ကျောင်းပြုနေသူ များထံမှ ဖြတ်သန်းခဟု ဆိုကာ အသွား အပြန် အတွက် ငွေကျပ် ၁၀၀၀ စီညှစ်ယူလျက် ရှိသည်။ ထို့အပြင် တွန်းလှည်းဖြင့် ၀ါးရောင်းသူ များထံမှ ၀ါး (၂) လုံး (သို့မဟုတ်) ငွေကျပ် ၈၀၀ စီညှစ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဧပြီလ (၃၀) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် ဥဒေါင်း ကင်းစခန်းမှ တပ်ဖွဲ့ဝင် (၆) ဦးသည် ကျောင်းတောင်ရွာတွင် ကင်းလှည့် နေစဉ် ကျောင်းတောင် ရွာသား မော်ဂျီအုလ္လာ (ဘ) ဦးဇော်ဖရ်ဟူစိန်း (အသက် ၂၁ နှစ်) ကို MP4 တစ်လုံးဖြင့် ဖမ်းဆီး၍ မိုဘိုင်းဖုန်း ကိုင်ဆောင်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။

ယင်းနေ့တွင် ည (၉) နာရီတွင် ဇော်မတက် ကျေးရွာ အခြေစိုက် ကင်းစခန်းမှ တပ်ဖွဲ့ဝင် (၅) ဦးနှင့် ရခိုင် အစွန်းရောက် ဦးမောင်ဖြူသိန်း (ဘ) ဦးနေ၀င်း တို့သည် နေအိမ်သို့ ပြန်နေသည့် သံဒါကျေးရွာ အုပ်စု ဒုသံဒါရွာမှ မော်လ၀ီ ဦးမော်ဂျီအုလ္လာ (ဘ) ဦးအီမာန်ဟူစိန်းကို ညမထွက်ရ အမိန့်ကို ကျော်လွန်၍ သွားနေသည်ဟု စွပ်စွဲ၍ လမ်းမပေါ်တွင် လူမဆန်စွာ ရိုက်နှက် ခဲ့သည်။ ထို့နောက် ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင် သွားပြီး ချုပ်နှောင် ထားခဲ့သည်။ ငွေညှစ်ရန် ဖမ်းဆီးခဲ့သည့် ရဲများက ငွေကျပ် တစ်သိန်း ငါသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

Comment ရေးရန်

Rohingya Exodus