နောက်ဆုံးသတင်း/ဆောင်းပါးများ

သံတွဲမြို့တွင် နေအိမ်ခြံစည်းရိုး ကာရံခြင်းအား မဘသအဖွဲ့မှ ပြဿနာရှာ




RB News
27.5.2014

သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်၏ နေအိမ် ခြံစည်းရိုး ပြုပြင် ကာရံခြင်းကို သံတွဲမြို့ရှိ မဘသ အဖွဲ့မှ ပြဿနာရှာ၍ တားဆီး ကန့်ကွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သံတွဲမြို့ တာဝတိံသာလမ်းနှင့် မဟာဗန္ဓုလမ်း လမ်းထောင့်ရှိ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်၏ နေအိမ် ခြံစည်းရိုး ပြုပြင် ကာရံခြင်းကို သံတွဲမြို့ရှိ မဘသ အဖွဲ့မှ ပြဿနာရှာ တားဆီး ကန့်ကွက်ခဲ့ကြောင်း သံတွဲမြို့ NLD လူမှု ကွန်ယက်မှ RB News သို့ပြောပါသည်။

တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်သည် ဘာသာပေါင်းစုံဖြင့် သဟဇာတ ဖြစ်အောင် နေထိုင်သည့် မြို့မိမြို့ဖ တစ်ဦး ဖြစ်ပြီး ၎င်း၏ နေအိမ် ခြံစည်းရိုး ပြုပြင်ခြင်းကို မဘသ အဖွဲ့မှ တားဆီး ကန့်ကွက်ခြင်းသည် ဥပဒေမဲ့ ပြုလုပ်ခြင်းသာ ဖြစ်သည်။ ရှေ့နေ ဦးခင်မောင်၏ နေအိမ် ခြံစည်းရိုး ကာရံခြင်းနှင့် ပတ်သက်ပြီး သံတွဲမြို့နယ် စည်ပင်သာယာရေးရုံးမှ ခွင့်ပြုချက် ရယူထားပြီး ဖြစ်သော်လည်း သံတွဲမြို့ မဘသ အဖွဲ့မှ တားမြစ်နေခြင်းသည် ဥပဒေ အထက်တွင် မဘသ အဖွဲ့ရှိနေသကဲ့သို့ ဖြစ်နေသည်။

သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ မဘသ အဖွဲ့မှ ရှေ့နေ ဦးခင်မောင်၏ နေအိမ် ခြံစည်းရိုး ကာရံခြင်းအား ကန့်ကွက်သည့် စာများ ရောက်လာ၍ မြို့နယ် အုပ်ချုပ်ရေးမှူးမှ လိုက်လျော ပေးစေလိုကြောင်း ရှေ့နေ ဦးခင်မောင်ကို ခေါ်ပြောခဲ့ရာ ရှေ့နေ ဦးခင်မောင်က လူတိုင်း အပေါ် မေတ္တာ တရားထားသူ တစ်ဦးပီပီ လိုက်လျော ပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ရှေ့နေ ဦးခင်မောင်သည် သံတွဲမြို့နယ်ရှိ မျက်လုံး ကွယ်နေသည့် ဝေဒနာရှင် များအား လူမျိုး မရွေး၊ ဘာသာ မရွေး အခမဲ့ ဇီဝိတ ဒါန ပြုခဲ့သည့် အပြင် သံတွဲမြို့ရှိ သီတဂူ ဆရာတော်၏ သီတဂူ ဆေးရုံတွင်လည်း အလှူငွေများ တစ်တက်တစ်အား ပူးပေါင်း ပါဝင် လှူဒါန်းခဲ့ပြီး ဘာသာတိုင်း အပေါ် မေတ္တာတရား ထားသူ တစ်ဦး ဖြစ်သည်။

ထိုကဲ့သို့ ပုဂ္ဂိုလ် တစ်ဦး၏ နေအိမ် ခြံစည်းရိုး ကာရံခြင်းအား သံတွဲမြို့ မဘသ အဖွဲ့မှ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ ကန့်ကွက်စာ ပို့၍ တားဆီးခြင်းသည် အလွန် အရုပ်ဆိုး အကျည်းတန်ပြီး၊ မြို့သူ မြို့သားများမှလည်း အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စိတ်မချမ်းမသာ ဖြစ်နေရသည်ဟု NLD လူမှုကွန်ယက်က ဆိုသည်။

Comment ရေးရန်

Rohingya Exodus