နောက်ဆုံးသတင်း/ဆောင်းပါးများ

ဝါးချ ကျေးရွာမှ ရိုဟင်ဂျာ တစ်ဦးကို ဇော်မတတ် ကျေးရွာမှ ရခိုင် (၇) ဦးက ၀ိုင်းရိုက်




Rohingya Eye
RB News
27.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ရခိုင် အစွန်းရောက် (၇) ဦးက ၀ိုင်းရိုက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၂၅) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချကျေးရွာမှ ဦးမာမတ်နူရ် (ဘ) ဦးအာမတ်ရှော်ရိဖ်သည် (အသက် ၂၅ နှစ်) ဘဂုံးနား ကျေးရွာရှိ ယောက္ခမ အိမ်သို့ အလည်သွားရောက်ပြီး စက်ဘီးဖြင့် ပြန်လာနေစဉ် ဇော်မတတ် ကျေးရွာမှ ရခိုင် အစွန်းရောက် (၇) ဦးက ၀ိုင်းဝန်း ရိုက်နှက်ရာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဇော်မတတ်ကျေးရွာမှ ရခိုင် အစွန်းရောက် များသည် စက်ဘီးဖြင့် ဖြတ်သန်း သွားလာသည့် ဒေသခံ ရိုဟင်ဂျာများကို မကြာခဏ အနှောက် အယှက်ပေး ရိုက်နှက်ခြင်းများ ပြုလုပ်လေ့ ရှိကြောင်း ဒေသခံများက ပြောပါသည်။

အလားတူ မောင်တောမြို့ မီးစက်ခွဆုံ ပြန်ကြားရေး ရုံးရှေ့မှ ဆိုင်ကယ်ဖြင့် သွားနေသည့် အသက် ၂၅ နှစ် အရွယ် ရိုဟင်ဂျာ လူငယ် တစ်ဦးကို ဘုန်းကြီး နှစ်ပါးက ရဲများ ရှေ့မှောက်တွင် ၀ိုင်းဝန်း ထိုးကြိတ်ခဲ့ကြောင်း သိရှိရပါသည်။ သို့သော် ရဲများက တစ်စုံတစ်ရာ ဟန့်တားခြင်း မရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

Comment ရေးရန်

Rohingya Exodus