နောက်ဆုံးသတင်း/ဆောင်းပါးများ

ခမောက်ဆိပ် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံများကို လုပ်ကြံ၍ ငွေညှစ်လျက်ရှိ




Rohingya Eye
RB News
31.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ခမောက်ဆိပ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံတို့ ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို လုပ်ကြံ၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ခမောက်ဆိပ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနှင့် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဦးစိုးနိုင် တို့သည် အခြား ကျေးရွာများသို့ သွားရောက်၍ အလုပ်လုပ်သည့် ရွာသားများ၊ အလည် အပတ်သွားသည့် ရွာသားများကို တစ်ဖက်နိုင်ငံသို့ တရားမ၀င် သွားနေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ လုပ်ကြံပြီး အတင်းအဓမ္မ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

မေလ (၂၅) ရက်နေ့က ငွေညှစ်ခံရသူများ --

(၁) မာမတ်အီဆုပ် (ဘ) ဦးမီးရ်အာမတ် (အသက် ၂၇ နှစ်) - မီးဇာလီရွာမှ - ညှစ်ခံရသည့်ငွေကျပ် ၄ သောင်း
(၂) အီမာရာန် (ဘ) ဦးအမီးရ်ဟမ်ဇာ (အသက် ၂၃ နှစ်) - မီးဇာလီရွာမှ - ညှစ်ခံရသည့် ငွေကျပ် ၄ သောင်း
(၃) ယာစင်းန် (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၁၈ နှစ်) - မီးဇာလီရွာမှ - ညှစ်ခံရသည့် ငွေကျပ် ၄ သောင်း
(၄) မိုဟာမတ်ဇူနိုက် (ဘ) ဦးဒိလ်မိုဟာမတ် (အသက် ၂၅ နှစ်) - မီးဇာလီရွာမှ - ညှစ်ခံရသည့် ငွေကျပ် ၄ သောင်း

အထက်ပါ လေးဦးထံမှ ငွေကျပ် တစ်သိန်း ခြောက်သောင်းကို မီးဇာလီရွာမှ ရာအိမ်မှူး ဖြစ်သူ ဦးအာဘူ (ဘ) ဦးဖော်ကီရ်အာမတ် (အသက် ၅၀ နှစ်) က အုပ်ချုပ်ရေးမှူး၏ အမိန့်အရ ကောက်ခံပေးခဲ့ကြောင်း သိရှိရပါသည်။

မေလ (၂၁) ရက်နေ့ကလည်း အုပ်ချုပ်ရေးမှူး၏ အမိန့်အရ မီးချောင်းကြီးရွာမှ ရာအိမ်မှူး ဦးမာမတ်အာယုဘ် (ဘ) ဦးအော်လီအာမတ်က ဖော်ကုတ်အစ္စလာမ် (ဘ) ဦးအဒူကူဒူစ် ထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus