နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ဖြူသား သေကံရွာမှ ရိုဟင်ဂျာ တစ်ဦးကို လုပ်ကြံ၍ ဖမ်းဆီးထား




RB News
16.5.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူသား သေကံရွာမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက လုပ်ကြံ၍ ဖမ်းဆီးပြီး ရဲစခန်းသို့ အပ်နှံ ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၁၄) ရက်နေ့ ည ၇ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် ကျောက်ဖြူသား သေကံ ကျေးရွာ အုပ်စုမှ ဦးဆုလ်တာန် အာမတ် (ဘ) ဦးကာလာမျာကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှ၊ ရာအိမ်မှူး ဦးအဒူရော်ဟိမ်းနှင့် အခြားသော ရာအိမ်မှူး (၃) ဦးတို့က ဖမ်းဆီး၍ အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် လူမဆန်စွာ ၀ိုင်းဝန်း ရိုက်နှက် ခဲ့ကြသည်။ ထို့နောက် ဦးဆုလ်တာန်အာမတ်ကို တရားမ၀င် ဘင်္ဂလားဖုန်းဖြင့် ဖမ်းမိသည့် အသွင်ဖြင့် ဓါတ်ပုံများ ရိုက်ယူ၍ လုပ်ကြံခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ညောင်ချောင်းနှင့် စေတီတောင်ရှိ နယ်ခြားစောင့်တပ် များကို ဖုန်းဖြင့် အကြောင်းကြား၍ လာရောက်ပြီး ဖမ်းဆီးစေခဲ့သည်။ ဦးဆုလ်တာန်အာမတ်ကို နယ်ခြားစောင့်တပ်က လာရောက် ဖမ်းဆီးပြီး ဘူးသီးတောင်မြို့နယ် မြို့မ ရဲစခန်းသို့ ပို့ဆောင်ပြီး ချုပ်နှောင် ထားကြောင်း သိရှိရပါသည်။

လွန်ခဲ့တဲ့ ဧပြီလက ကျောက်ဖြူသား သေကံ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများက ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၏ နေ့စဉ် ရက်ဆက် ညှဉ်းပန်း နှိပ်စက်မှုများကို သည်းမခံနိုင်တော့၍ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေထံ တိုင်စာပို့ခဲ့သည်။ ထိုသို့ တိုင်စာပို့ရာတွင် ဦးဆုလ်တာန်အာမတ် ပါဝင်သည်ဟု စွပ်စွဲ၍ ယခုကဲ့သို့ လုပ်ကြံ၍ ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ကျောက်ဖြူသား သေကံ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှနှင့် ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ တာဝန်ခံ ဦးအဒူရော်ဟိမ်း တို့က ရွာသားများကို ညှဉ်းပန်း နှိပ်စက် နေသည်ကို သိရှိသော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိသည့်အပြင် အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးလာခြင်းကိုလည်း ဟန့်တားခြင်း မရှိဟု ဒေသခံများက ဆိုသည်။ ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူးက ယခုကဲ့သို့ မတရားသဖြင့် ပြုလုပ် နေသည်ကို သိရှိသော်လည်း ဟန့်တားခြင်း လုံးဝ မရှိဟု ဒေသခံများက ပြောပါသည်။

တရားမ၀င် ဘင်္ဂလားဖုန်း များကို တပ်ရင်းများမှ ဗိုလ်မှူး အဆင့် ရှိသူများက ကျေးရွာများတွင် ကိုယ်စားလှယ် ထား၍ လစဉ်ကြေးဖြင့် ဖြန့်ဖြူးထားပြီး၊ တရား ဥပဒေနှင့် အညီ နေထိုင်သူများမှာ မတရား စွပ်စွဲခံရပြီး ရိုက်နှက် နှိပ်စက် ဖမ်းဆီး ခံရသည့် အပြင် ငွေညှစ်ခြင်းကိုပါ ခံနေရသည်။

Comment ရေးရန်

Rohingya Exodus