နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့မှ ရဲများက ဒေသခံ ရိုဟင်ဂျာများထံမှ ငွေများ လုယက်




MYARF
RB News
14.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် သန်းမောင်ကြီးက မြို့မ ကညင်တန်း ကားဂိတ်သို့ သွားနေသည့် ရိုဟင်ဂျာ တစ်ဦးမှ ငွေကျပ် တစ်သိန်း လုယက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၁၂) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒု ကျေးရွာ အုပ်စု ရွာကြီးရွာမှ ဦးအလီဟူစိန်းသည် မောင်တောမြို့ပေါ်မှ မြို့မကညင်တန်းရှိ ကားဂိတ်သို့ လာနေစဉ် ခရိုင် အုပ်ချုပ်ရေးမှူး ရုံးရှေ့သို့ ရောက်သည့်အခါ မောင်တော ရဲစခန်းမှ ဒုရဲအုပ် သန်းမောင်ကြီးက ၎င်းတွင် ပါလာသည့် ငွေကျပ် ၅ သိန်းမှ တစ်သိန်းကို လုယက် ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ ဒုရဲအုပ် သန်းမောင်ကြီးသည် ယခင်က အင်းဒင်ရှိ ရဲစခန်းတွင် တာဝန် ထမ်းဆောင် ဖူးသူ ဖြစ်ပြီး၊ အင်းဒင်တွင် တာဝန် ထမ်းဆောင်စဉ်ကလည်း ဒေသခံ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခဲ့သူ ဖြစ်သည်။

ယင်းနေ့ နေ့လည် ၁၂း၃၀ နာရီတွင် မောင်တောမြို့နယ် အမှတ် (၂) ရပ်ကွက်မှ ဦးဟာဖီဇူရာမန်သည် မောင်တောမြို့နယ် တောင်ပိုင်းမှ ကြက်များ ၀ယ်ယူ၍ ပြန်လာစဉ် သရေကုန်းဘောင် ကျေးရွာ အုပ်စု၊ ရခိုင်ရွာရှိ ဘုန်းကြီးကျောင်း အနီးရှိ ရဲများက ထုံးစံအတိုင်း ငွေတစ်ထောင် တောင်းယူသည့် အပြင် ကြက်များ သယ်ဆောင်ခွင့် ဘယ်ကရသလဲဟု ဆိုကာ ၎င်းတွင် ပါလာသည့် ငွေကျပ် ၃ ထောင်ကို ရဲများက လုယက်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ ရဲများသည် နေ့စဉ် နေ့တိုင်း ဖြတ်သန်း သွားလာသည့် ဒေသခံ ရိုဟင်ဂျာများကို ရပ်တန့် စစ်ဆေးကာ၊ ငွေများ လုယက်ခြင်း၊ ပစ္စည်းများ လုယက်ခြင်း၊ ဆိုင်ကယ်စီး သွားများကိုလည်း ရပ်တန့် စစ်ဆေး၍ လိုင်စင် ကျန်ခဲ့သူများထံမှ မတရားငွေညှစ်ခြင်း၊ လိုင်စင် မိတ္တူပါလျှင်လည်း မူရင်း မပါဟု ဆိုကာ ငွေညှစ်ခြင်း၊ ဖြတ်သန်း သွားလာသည့် ကားများထံမှလည်း ပုံမှန် ဆက်ကြေး ကောက်ခြင်းများ အပြင် အထူးသဖြင့် ဘာသာရေး ဆရာများကို ပစ်မှတ် ထား၍ ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus