နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုချီးရားတန်း အရှေ့ရွာမှ ဒေသခံ ရိုဟင်ဂျာများ အကူအညီများ လိုအပ်နေ




Rohingya Eye
RB News
4.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာ အုပ်စု၊ အရှေ့ရွာရှိ ဒေသခံ ရိုဟင်ဂျာ များမှာ စားဝတ် နေရေး အတွက် အခက်အခဲ မျိုးစုံ ရှိနေပြီး၊ အကူအညီများ လိုအပ်နေကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာ အုပ်စု၊ အရှေ့ရွာတွင် ရိုဟင်ဂျာ အိမ်ခြေပေါင်း ၆၀၀ ကျော်ရှိပြီး၊ မေလ (၂) ရက်နေ့ နံနက် (၆) နာရီတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမိုးအကာများ မလုံသည့် မိသားစုများမှာ မိုးရွာသည့် ဒဏ်ကို အလူးအလွန့် ခံခဲ့ရသည်။ မိုးရာသီတွင် ဒေသခံရွာသားများ အမိုးအကာ အောက်တွင် ကောင်းမွန်စွာ နေထိုင်ရေး အတွက် သက်ကယ်နှင့် ဓနိများ ၀ယ်ယူရန် ငွေကြေး အဆင်မပြေ ကြကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဒေသခံ ရွာသားများ စိုက်ပျိုး ထားသော သက်ကယ်ခင်း များကိုလည်း ရခိုင် အစွန်းရောက် များနှင့် လုံထိန်းရဲများက ဖျက်ဆီး ခဲ့သည့် အတွက် လိုအပ်သည့် သက်ကယ်များကို ရွာအတွင်း ၀ယ်ယူနိုင်ရန် ခက်ခဲလျက် ရှိသည်ဟု ဆိုသည်။ ဒုချီးရားတန်း အရှေ့ရွာသား များသည် ထင်း၊ သစ်ခုတ်ခြင်းနှင့် လယ်ယာ စိုက်ပျိုးရေး များဖြင့် အဓိက အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်သည်။ ယခုအခါ တောင်ပေါ်သို့ သွားရောက် နိုင်ခြင်း မရှိသလို၊ ကျွဲ၊ နွားများ မရှိတော့ သဖြင့် လာမည့် မိုးရာသီတွင် လယ်ယာ စိုက်ပျိုးရေး လုပ်ကိုင် နိုင်ရန် အခြေအနေ လုံးဝ မရှိကြောင်း ဒေသခံများက ပြောပါသည်။

၎င်းတို့ လိုအပ်နေသည့် အကူအညီများ အတွက် အနီးအနား ရွာများမှ အနည်းငယ် ရရှိခဲ့ပြီး၊ ဒုချီးရားတန်းတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားပြီးနောက် နိုင်ငံတကာ အန်ဂျီအို တစ်ခု လာရောက်၍ ဆန်အိတ်များ နှစ်ကြိမ် လှူဒါန်း ခဲ့သည်။

ရွာသားများ အနေဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင် နိုင်ရန် အကူအညီများ အပူတပြင်း လိုအပ်နေပြီး၊ မိုးရာသီတွင် အမိုးအကာ အောက်တွင် နေထိုင်နိုင်ရေး အတွက်လည်း အကူအညီများ လိုအပ်နေပါသည်။ ရွာသားများ၏ လက်ရှိ အခြေအနေမှာ အကူအညီ အတွက် မျှော်လင့်ချက် ကင်းမဲ့လျက် ရှိပြီး၊ အကူအညီမဲ့ ဘ၀သို့ ရောက်ရှိ နေသည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus