နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော် နယ်ခြားစောင့်တပ်မှ ဆိုင်ကယ် ၂၃ စီးကို ဖမ်းဆီး၍ ငွေညှစ်




Rohingya Eye
RB News
12.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ်၏ ရဲကင်း စခန်း ရှေ့မှ ဖြတ်သန်း သွားလာသည့် ဆိုင်ကယ် များကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၈) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ်၏ ရဲကင်း စခန်းရှေ့မှ ဖြတ်သန်း သွားလာသည့် ဆိုင်ကယ် ၂၃ စီးကို အကြောင်းမဲ့ ဖမ်းဆီး၍ ရဲများက ဆိုင်ကယ် တစ်စီးလျှင် ငွေကျပ် ၂၅၀၀ စီညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ ဆိုင်ကယ် သမားများ အားလုံးမှာ သက်သေခံ ကဒ်ပြားများ ပါရှိသော်လည်း အကြောင်းမဲ့ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။ ယင်းနေ့ နေ့လည် ၂ နာရီ အချိန်တွင် ကံပူးကျေးရွာမှ မာမတ်ဒူလ္လာ (ဘ) ဦးအာမန်အုလ္လာ (အသက် ၂၀ နှစ်) ကို လူကုန်ကူးမှုတွင် ပါဝင်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ရဲများက ဖမ်းဆီးပြီး နယ်မြေ (၇) ရုံးတွင် ချုပ်နှောင် ထားခဲ့သည်။ အဆိုပါ လူငယ် ဖမ်းဆီးခံခြင်းနှင့် ပတ်သက်၍ ကျေးရွာမှ လူကြီးများက မာမတ်ဒူလ္လာသည် အကျင့်စာရိတ္တ ကောင်းမွန်သူ တစ်ဦး ဖြစ်ပြီး ငါးဖမ်းသည့် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်ကြောင်း နယ်မြေရုံးသို့ တင်ပြခဲ့သော်လည်း ပြန်လည် လွှတ်ပေးခဲ့ခြင်း မရှိဘဲ မေလ (၉) ရက်နေ့တွင် ငွေကျပ် ၄ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus