နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြောက်ပိုင်း ဗန္ဓုလ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၁၀) ဦး ပေါ်တာဆွဲခံရ




RB News
30.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၁) နယ်မြေ အပိုင်ရှိ ဗန္ဓုလ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၁၀) ဦးကို ခြေမြန်တပ်ရင်း (၃၅၃) မှ ပေါ်တာ ဆွဲသွားကြောင်း သတင်း ရရှိပါသည်။

ယနေ့ (မေလ ၃၀) ရက်နေ့ နံနက် (၇) နာရီ ကျော်အချိန်တွင် ခြေမြန်တပ်ရင်း (၃၅၃) မှ မောင်တော မြို့နယ် မြောက်ပိုင်း အမှတ် (၁) နယ်မြေ အပိုင်ရှိ ဗန္ဓုလ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၁၀) ဦးကို ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်တွင် ဖြစ်ပွားလျက် ရှိသည့် တိုက်ပွဲတွင် အသုံးချရန် ပေါ်တာဆွဲသွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်တွင် ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု မြန်မာ မီဒီယာများနှင့် နိုင်ငံပိုင် သတင်းဌာနများမှ ဖော်ပြလျက် ရှိသော်လည်း အမှန် တကယ် ဖြစ်ပွားနေသည့် တိုက်ပွဲမှာ မြန်မာ့ တပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲသာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် ပေါ်တာဆွဲခံရသူ များမှာ --

(၁) ဦးဆယာဒ်ဒူအာမီးန် (ဘ) ဦးဟာစန်ရှရီးဖ် (အသက် ၂၈ နှစ်)
(၂) ဦးရှဖီကူရာမန် (ဘ) ဦးအာရှရဖ်အလီ (အသက် ၅၂ နှစ်)
(၃) ဦးဟူစိန်အာမတ် (ဘ) ဦးမိုဂိုလ်အာမတ် (အသက် ၄၈ နှစ်)
(၄) ဦးဟူစိန်ဂျိုဟာရ် (ဘ) ဦးမိုဂိုလ်အာမတ် (အသက် ၄၅ နှစ်)
(၅) ဦးရှမ်ရှုအာလမ် (ဘ) ဦးဟူစိန်းအာမတ် (အသက် ၃၀ နှစ်)
(၆) ဦးခါလဲသ်ဟူစိန်း (ဘ) ဦးရှေ့ခ်အာမတ် (အသက် ၃၀ နှစ်)
(၇) ဦးမူဆာ (ဘ) ဦးမာမတ်အလီ (အသက် ၃၀ နှစ်)
(၈) ဦးဆယာဒ်ဟူစိန်း (ဘ) ဦးဆယာဒ်အတ်ဘာရ် (အသက် ၃၀ နှစ်)
(၉) ဦးမာမတ်ရှရီးဖ် (ဘ) ဦးမာမတ်ဒူလ္လာ (အသက် ၃၂ နှစ်)
(၁၀) ဦးရှော်ဖိတ် (ဘ) ဦးနူရ်အာလမ် (အသက် ၄၈ နှစ်) -- တို့ဖြစ်သည်။

ယခုကဲ့သို့ ပေါ်တာဆွဲသွားခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းသာ ဖြစ်ပြီး၊ ပေါ်တာဆွဲခံရသူများကို ရှေ့တန်းတွင် ထား၍ အသုံးချရန် ဖြစ်သည်။ ပေါ်တာဆွဲခံရသူများမှာ ညပိုင်းအထိ ပြန်လည် ရောက်ရှိ မလာခြင်းကြောင့် မိသားစုဝင်များက လွန်စွာ စိုးရိမ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus