နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် တပ်မင်းချောင်း မူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးက ငွေညှစ်နေ





RB News
29.5.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တပ်မင်းချောင်း ကျေးရွာရှိ တွဲဖက် မူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးက ကျောင်းသား လက်ခံရာတွင် ၎င်းတောင်းသည့် ငွေကို မပေးပါက ကျောင်းမလက်ခံဟု ပြောကြားကြောင်း သတင်း ရရှိပါသည်။

၂၀၁၄ - ၂၀၁၅ ပညာသင်နှစ် အတွက် ကျောင်းသားများ လက်ခံလျက်ရှိရာ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်း ကျေးရွာရှိ တွဲဖက် မူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းမြင့်က ကျောင်းသား/သူများ လက်ခံရာတွင် ငွေကျပ် ၅၀၀/- ပေးမှသာ လက်ခံနိုင်မည်ဟု ပြောကြားပြီး၊ ငွေကျပ် ၅၀၀/- မပေးသည့် ကျောင်းသား/သူ များကို လက်မခံနိုင်ဟု ပြောကြားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

တပ်မင်းချောင်း ကျေးရွာရှိ တွဲဖက် မူလတန်းကျောင်းတွင် လက်ဝဲဒက် ပုဇွန်ချောင်း ကျေးရွာ အုပ်စုမှ ကျောင်းသား/သူ ၃၀၀ နှင့် ကျောက်ဖြူတောင် ကျေးရွာ အုပ်စုမှ ကျောင်းသား/သူ ၃၀ ကျော် ပညာ သင်ကြားလျက် ရှိသည်။ အဆိုပါ ကျေးရွာများတွင် အစိုးရ မူလတန်း ကျောင်းမရှိသဖြင့် အခြား ရွေးချယ်စရာ ကျောင်းမရှိကြောင်း ဒေသခံများက ပြောပါသည်။ ထို့အပြင် UNICEF မှ ထောက်ပံ့သည့် စာအုပ်စာတမ်းလည်း မရဟု ဆိုသည်။

အဆိုပါ ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းမြင့်သည် စစ်ဗျုဟာ အခြေချ ရုံးအုပ် စာရေးကြီး၏ ဇနီးဖြစ်၍ လိုအပ်သည်ထက် သြဇာ အာဏာ ပိုသုံးနေသည်ဟု ဒေသခံများက သုံးသပ် ပြောဆိုသည်။ ယခုကဲ့သို့ ကျောင်းသား/သူ များထံမှ ငွေတောင်းခံခြင်းနှင့် ပတ်သက်၍ မြို့နယ် ပညာရေးမှူးရုံးကို အကြောင်းကြား တိုင်ကြားသော်လည်း အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus