နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော် နယ်ခြားစောင့်တပ်မှ အပြစ်မဲ့ ဒေသခံများထံမှ ငွေညှစ်

အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တပည့် ကျော်ဇေယျာဦး


RB News
19.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ မောင်တူလာရွာ အခြေစိုက် နယ်ခြားစောင့်တပ်နှင့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူတို့ ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၁၈) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် အလယ်သံကျော် ကျေးရွာ အုပ်စုမှ အဗ်ဒူလ္လာ (ဘ) ဦးအလီဟူစိန်း (အသက် ၂၅ နှစ်) ကို နွားတစ်ကောင် ၀ယ်ယူပြီး စာရင်း မတင်ခဲ့သည်ဟု စွပ်စွဲ၍ မောင်တူလာ ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ကျော်ဇေယျာဦးတို့က ဖမ်းဆီးခဲ့သည်။ နွားကို ၀ယ်ယူ၍ စာရင်းသွင်းရန် သတ်မှတ်ထားသည့် အချိန် ကျန်ရှိနေသေးသော်လည်း ငွေညှစ်ရန် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အဗ်ဒူလ္လာထံမှ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များနှင့် ကျော်ဇေယျာဦးတို့က ငွေကျပ် ၅၀၀၀၀/- ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ပုံမှန်အားဖြင့် နွားတစ်ကောင် စာရင်းသွင်းခမှ ငွေကျပ် လေးထောင် ဖြစ်ပြီး၊ အဗ်ဒူလ္လာထံမှ ငွေကျပ် ၅၀၀၀၀/- ညှစ်ယူလိုက်သော်လည်း နွားကို စာရင်းသွင်း ပေးခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

မေလ (၁၃) ရက်နေ့ကလည်း အဆိုပါ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များနှင့် ကျော်ဇေယျာဦးတို့သည် မိုဟာမတ်ရီယာစ် (ဘ) ဦးမိုဟာမတ်ယူနုစ် (အသက် ၁၆) နှစ်ကို ဆင်းမ်ကဒ်မပါသည့် မိုဘိုင်းဖုန်း တစ်လုံးဖြင့် ဖမ်းဆီး၍ တရားမ၀င် ဖုန်းကိုင်ဆောင်သည်ဟု စွပ်စွဲပြီး ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် မိုဟာမတ်ရီယာစ်၏ မိခင်ဖြစ်သူက ငွေကျပ် နှစ်သိန်းပေး၍ သားဖြစ်သူကို လိုင်စင်ရ ဓါးပြသဖွယ် ဖြစ်နေသည့် နယ်ခြားစောင့်တပ်နှင့် ကျော်ဇေယျာဦးတို့၏ အချုပ်ခန်းမှ ပြန်လည် ရွေးယူခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus