နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲမှူး ဝေလင်းကိုက ဒေသခံ တစ်ဦးကို လုပ်ကြံ ဖမ်းဆီးပြီး ငွေ သိန်း ၅၀ ညှစ်၍ မရသဖြင့် ထောင်ချရန် စီစဉ်နေ





RB News
29.5.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ အမှတ် (၄) နယ်မြေ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ခံ ရဲမှူး ဝေလင်းကိုသည် ဒေသခံ တစ်ဦးကို လုပ်ကြံ ဖမ်းဆီးပြီး ငွေညှစ်၍ မရသဖြင့် ထောင်ချရန် စီစဉ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ လိပ်ရကျေးရွာ အုပ်စု အခြေစိုက် အမှတ် (၄) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ခံ ရဲမှူး ဝေလင်းကိုသည် မေလ (၂၇) ရက်နေ့ ည ၉ နာရီ အချိန်တွင် လိပ်ရ ကျေးရွာ အုပ်စု၊ တောင်ရွာမှ ဦးဆွေတာလမ် (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၂၈) နှစ်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (၄) ဦး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ တပည့်ဖြစ်သူ ဦးမောင်မောင်တို့နှင့် အတူ နေအိမ်မှ သွားရောက် ဖမ်းဆီးခဲ့သည်။

ရဲမှူး ဝေလင်းကိုက ဦးဆွေတာလမ်ကို ဘင်္ဂလား မိုဘိုင်းဖုန်း ကိုင်ဆောင်နေသည်ဟု စွပ်စွဲသည့် အပြင် အင်တာနက်တွင်လည်း သတင်းဖြန့်နေသူဟု စွပ်စွဲ၍ ငွေကျပ် သိန်း ၅၀ ညှစ်ရန် ကြိုးစားခဲ့သည်။ ဦးဆွေတာလမ်က ရဲမှူး ဝေလင်းကို တောင်းခံသည့် ငွေကျပ် သိန်း ၅၀ ကို ပေးရန် မတတ်နိုင်သဖြင့် မေလ (၂၉) ရက်နေ့တွင် ကြိမ်ချောင်း ရဲစခန်းသို့ ပို့ဆောင်၍ တရားစွဲပြီး ထောင်ချရန် စီစဉ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရဲမှူး ဝေလင်းကို၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တပည့် ဖြစ်သူ ဦးမောင်မောင် တို့သည် လွန်ခဲ့သည့် ရက်ပိုင်းက လိပ်ရကျေးရွာမှ အသက် ၂၅ နှစ် အရွယ် အမျိုးသမီး တစ်ဦးကို အုပ်စုလိုက် မုဒိန်းကျင့်ခဲ့သေးသည်။

ရဲမှူး ဝေလင်းကိုသည် ဒေသခံ ရိုဟင်ဂျာများကို အလွန် ရက်စက်စွာ ညှဉ်းပန်း နှိပ်စက်လျက် ရှိသော်လည်း အထက် အာဏာပိုင်များက အရေးယူ ဟန့်တားခြင်း မရှိသောကြောင့် တစ်နေ့ တစ်ခြား ပိုမိုဆိုးရွားစွာ ညှဉ်းပန်း နှိပ်စက်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။

Comment ရေးရန်

Rohingya Exodus