နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲ၊ ရေတွင်းပြင်မှ နယ်ခြားစောင့်တပ်က ဒေသခံများကို ရိုက်နှက်




RB News
16.5.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များက ဒေသခံ ရိုဟင်ဂျာများကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၁၅) ရက်နေ့ ည (၁၀) နာရီခန့် အချိန်တွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ရေတွင်းပြင် ကျေးရွာမှ လက်တွန်းပိုက်ဖြင့် ငါးဖမ်းရန် ပြူးမချောင်းသို့ သွားနေသည့် ဦးအဒူဆော်လမ် (ဘ) ဦးအဘုလ်ဟာရှိမ် (အသက် ၃၅ နှစ်) နှင့် ဦးဇာဖောရ် (ဘ) ဦးမာမတ်ရှော်ဘီ တို့ကို အောက်ပြူးမ ကင်းစခန်းမှ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များက လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦး RB News သို့ပြောပါသည်။

မေလ (၁၃) ရက်နေ့ ည ၉ နာရီ အချိန်တွင် ရေတွင်းပြင် ကျေးရွာမှ ကွန်ပိုက်ဖြင့် ငါးဖမ်းရန် သွားနေသည့် ဂျမာလ် (ဘ) ဦးရှောမ်ရှုအာလမ် (အသက် ၂၀ နှစ်) နှင့် အာမိရ်ဟူစိန်း (ဘ) ဦးမာမတ်ဆော်လမ် (အသက် ၁၅ နှစ်) တို့ကို နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် များက လူမဆန်စွာ ရိုက်နှက်ခဲ့ရာ ဒဏ်ရာများစွာ ရရှိခဲ့ပြီး၊ ယခုအချိန်ထိ ဆေးကုသမှု ခံယူနေရသည်။ ဆင်းရဲနွမ်းပါးသည် မိသားစုဝင် များဖြစ်သောကြောင့် ဆေးကုသရန် ကုန်ကျနေသည့် ငွေကြေးများ အတွက် အခက်အခဲနှင့် ကြုံတွေ့နေရသည့် အပြင် ငါးဖမ်း၍ ရသည့် ၀င်ငွေ အနည်းငယ်ဖြင့် ရပ်တည်နေရသူများ ဖြစ်သောကြောင့် စားဝတ်နေရေးပါ အခက်ကြုံ နေရသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မေလ (၁၂) ရက်နေ့ ညနေ ၃ နာရီ အချိန်ကလည်း ရေတွင်းပြင် ကျေးရွာ အတွင်းရှိ ပုဇွန်ကန်တွင် ပုဇွန်ကန်စောင့်နေသည့် အာဂျီနုရ် (ဘ) ဦးအာတိုမျာ (အသက် ၁၄ နှစ်) ကို နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များက လူမဆန်စွာ ရိုက်နှက်ခဲ့သည်။

Comment ရေးရန်

Rohingya Exodus