နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာအစိုးရ အပေါ် စစ်ဖက် ဆိုင်ရာ အရေးယူမှု EU သက်တမ်းတိုး

မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ EU ဥရောပ သမဂ္ဂ ဥက္ကဋ္ဌ Jose Manuel မီဒီယာ များနှင့် တွေ့ဆုံ။ (မတ် ၅၊ ၂၀၁၃)




17.5.2014

EU ဥရောပ သမဂ္ဂ ကနေ မြန်မာနိုင်ငံ အပေါ် စစ်ဖက် ဆိုင်ရာ ဆက်ဆံခြင်း မပြုဖို့ အရေးယူ ပိတ်ဆို့ ထားတဲ့ သက်တမ်းဟာ ဧပြီလကုန်မှာ ကုန်ဆုံးခဲ့ပြီး၊ နောက်ထပ် ၁၂ လ သက်တမ်း ထပ်မံ တိုးမြင့် ထားကြောင်း ဥရောပ သမဂ္ဂရဲ့ စာရွက် စာတမ်း တွေမှာ ဖေါ်ပြ ထားတယ်လို့ HIS Janes Defence Industry online အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထား ပါတယ်။

EU Council ရဲ့ ဆုံးဖြတ်ချက် ၂၀၁၄/၂၁၄/CSFP မှာ ဖေါ်ပြထားချက် အရ စစ်ဖက်ရေးရာ တင်ပို့မှု တွေကို ၂၀၁၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ တားမြစ် ထားတယ်လို့ ဖေါ်ပြ ထားပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပြန်လှန် သုံးသပ်မှု ပြုနိုင်ကြောင်း၊ ထပ်မံ သက်တမ်းတိုး နိုင်သလို၊ သင့်တော် သလို ပြင်ဆင် ပြောင်းလဲ နိုင်တယ်လို့လည်း ရေးသား ဖေါ်ပြထား ပါတယ်။

အခု ဆုံးဖြတ်ချက်ကို ဧပြီလ လယ်ပိုင်း အတွင်း EU ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေး ဆိုင်ရာ မူဝါဒ ရေးရာ ဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် နဲ့ ဥရောပ ကော်မရှင် ဒုတိယ အကြီးအကဲ ရုံးတို့ ကနေ အတည်ပြု ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု သတင်းပတ် အတွင်းမှာပဲ အမေရိကန် သမ္မတ အိုဘားမား ကလည်း အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ မြန်မာ စစ်တပ်နဲ့ တွဲပြီး စီးပွားရေး ရင်းနှီး မြှုပ်နှံမှုတွေ မလုပ်ဖို့ ပိတ်ပင် တားမြစ်တဲ့ အမိန့် နောက်ထပ် သက်တမ်းတိုး လိုက်ပါတယ်။

Comment ရေးရန်

Rohingya Exodus