နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒေသခံများကို လူမဆန်စွာ ရိုက်နှက်၍ လုယက်




RB News
5.6.2014

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ ကျေးရွာ အုပ်စု အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဒေသခံများကို ရိုက်နှက်၍ ပစ္စည်းများ လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၄) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ ကျေးရွာ အုပ်စု၊ ကမ်းနားရွာသို့ ၎င်းရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (၇) ဦး ၀င်ရောက်လာပြီး၊ နေအိမ်အချို့မှ အိမ်ရှင်များကို မောင်းထုတ်ပြီး နေအိမ်များရှိ ပစ္စည်းများကို လုယက် သွားသည့် အပြင် အိမ်ရှင် အမျိုးသား၊ အမျိုးသမီးများကို ကြိုးဖြင့် ချည်နှောင်၍ လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နေအိမ်များရှိ အိမ်မွေးကြက်ပါ မကျန် လုယက်သွားခြင်းကြောင့် ဒေသခံများ အလွန် ဆုံးရှုံးခဲ့ရကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

လူမဆန်စွာ ရိုက်နှက် နှိပ်စက်ခံရသူ အချို့မှာ --

(၁) ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးအဘူရှော်မာ (အသက် ၃၀ နှစ်)
(၂) ခိုက်ရ်ဟူဆောင်း (ဘ) ဦးမာမတ်ဇော်လိလ် (အသက် ၃၁ နှစ်)
(၃) ဦးဖွေယာစ်ဆော်လမ် (ဘ) ဦးအာန်ဇူဟူဆောင်း (အသက် ၂၅ နှစ်)
(၄) ဇိုက်တူ (ဘ) ဦးအာန်ဇူဟူဆောင်း (အသက် ၁၈ နှစ်)
(၅) ဦးအာန်ဇူဟူဆောင်း (ဘ) ဦးရှော်ဘီ (အသက် ၄၈ နှစ်) -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus