နောက်ဆုံးသတင်း/ဆောင်းပါးများ

တပ်ရင်း ၅၃၅ မှ ဗိုလ်ကြီး တစ်ဦးက ဒေသခံ တစ်ဦးကို ဖမ်းဆီး၍ ရိုက်နှက်ပြီး ငွေညှစ်




RB News
12.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း အောင်ဇံကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို တပ်ရင်း ၅၃၅ မှ ဗိုလ်ကြီး တစ်ဦးက ဖမ်းဆီး၍ ရိုက်နှက် နှိပ်စက်ပြီး ငွေကျပ် ငါးသိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၁၁) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း အောင်ဇံ ကျေးရွာ အုပ်စု၊ အောင်ဇံရွာမှ ဟာဖီးဇ် ဦးမာမတ်နူရ် (ဘ) ဦးနော်ဘီဟူဆောင်းသည် တစ်ရွာတည်းနေ ယောက္ခထီး ဦးမှော်ရှားအလီ (ဘ) ဦးအလီဟူဆောင်း၏ နေအိမ်သို့ အလည်အပတ် ရောက်ရှိနေခဲ့သည်။ ထိုအချိန်တွင် အောင်ဇံရွာ အခြေစိုက် တပ်မတောင် တပ်ရင်း ၅၃၅ မှ အမည်မသိ ဗိုလ်ကြီး တစ်ဦး ရောက်ရှိလာခဲ့ပြီး ၎င်းကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ဟာဖီးဇ် ဦးမာမတ်နူရ်ကို အဆိုပါ ဗိုလ်ကြီးက အကြမ်းဖက် သောင်းကျန်းသူများနှင့် ဆက်သွယ်နေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ညှဉ်းပန်း ရိုက်နှက် နှိပ်စက်ခဲ့ရာ မျက်လုံး တစ်လုံး ပြုတ်ထွက်သွား ခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် ယနေ့ (ဇွန်လ ၁၂) နံနက်ပိုင်းတွင် ငွေကျပ် ငါးသိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus