နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ရဲတပ်ဖွဲ့က ကင်းသမား တစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်




Rohingya Eye
RB News
17.6.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဒေသခံ ရိုဟင်ဂျာ ကင်းသမား တစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၁၅) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၂) ရပ်ကွက်မှ ဦးဘော်ဒီအာလမ် (ဘ) ဦးဆုလ်တာန် (အသက် ၃၅ နှစ်) သည် ရဲအောင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ကင်းစခန်းနှင့် ကပ်လျက် ရှိသော ကင်းတဲတွင် ကင်းစောင့်နေစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး တာဝန်ခံ ဖြစ်သူက ဦးဘော်ဒီအာလမ်၏ လည်ပင်း အနီးကို သေနတ်ဖြင့် ချိန်၍ သေနတ် တစ်ချက် ပစ်ဖောက်ပြီးနောက် သေနတ်ဖြင့် ဦးဘော်ဒီအာလမ်၏ မျက်နှာကို လူမဆန်စွာ ရိုက်နှက်ခဲ့ရာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းရှိ တာဝန်ခံ ဖြစ်သူမှာ မင်းပြားမြို့ ဇာတိ ရခိုင် အစွန်းရောက် တစ်ဦးဖြစ်ပြီး၊ ညစဉ်ညတိုင်း အရက်သောက်၍ အနီးအနားရှိ ကျေးရွာများသို့ ၀င်ရောက်၍ ကင်းစောင့်နေသည့် ဒေသခံ ရိုဟင်ဂျာ များကို ရိုက်နှက် နှောက်ယှက်လေ့ ရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus