နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နွားများကို ဖမ်းဆီးပြီး ပိုင်ရှင်များထံမှ ငွေညှစ်




RB News
9.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အမှတ် (၁) နယ်မြေ အပိုင် ဗန္ဓုလ စခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့က နွားများကို ဖမ်းဆီး ချုပ်နှောင်ပြီး ပိုင်ရှင်များထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၃) ရက်နေ့တွင် မောင်တောမြို့နယ်၊ အမှတ် (၁) နယ်မြေ အပိုင် ဗန္ဓုလ စခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် တပ်ကြပ် ဇော်မျိုးခိုင်သည် ဒေသခံ ရိုဟင်ဂျာများ၏ နွား ၁၉ ကောင်ကို လယ်ကွင်းများထဲမှ ဖမ်းဆီး ခေါ်ဆောင် သွားပြီး နွားပိုင်ရှင်များထံမှ ကြက်တစ်ကောင်စီနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသုံး တာကာငွေ ၂၀၀ တန် ဖုန်းကဒ် တစ်ကဒ်စီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကြက်တစ်ကောင်စီနှင့် ဘင်္ဂလားနိုင်ငံသုံး ကာတာငွေ ၂၀၀ တန် ဖုန်းကဒ် တစ်ကဒ်စီ ညှစ်ခံရသူများမှာ --

(၁) ဦးမိုဟာမတ် (ဘ) ဦးမော်ဂိုလ်အာမတ်
(၂) ဦးဟူစိန်းအာမတ် (ဘ) ဦးမော်ဂိုလ်အာမတ်
(၃) မော်လ၀ီ မိုဆောင်းအလီ (ဘ) ဦးမော်ဂိုလ်အာမတ်
(၄) ဦးမော်ဂိုအာမတ် (ဘ) ဦးအာစ်ဂေါရ်အလီ
(၅) ဦးမိုဟာမတ်အုလ္လာ (ဘ) ဦးယာကုဘ်
(၆) ဦးကာလူ (ဘ) ဦးအီဆုပ်အလီ
(၇) ဦးအဒူမူနာဖ် (ဘ) ဦးအလီအာမတ် -- တို့ဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တော ခရိုင် အတွင်းရှိ မြို့နယ် များတွင် ဌာနဆိုင်ရာများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်မှ အရာရှိ အကြပ် တပ်သားများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မိုဘိုင်းဖုန်းလိုင်း များကို ကိုင်ဆောင် သုံးစွဲလျက် ရှိပြီး၊ ၎င်းတို့ ဖုန်းများတွင် ပိုက်ဆံဖြည့်ရန် အတွက် နယ်စပ်ရှိ ရွာများမှ ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိသည်။

Comment ရေးရန်

Rohingya Exodus