နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပန္ဒူ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒေသခံများ၏ ပစ္စည်းများ မတရားသိမ်း၊ ငွေညှစ်




MYARF
RB News
2.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ  ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒေသခံ ရိုဟင်ဂျာများ၏ ထင်းများကို မတရား သိမ်းယူခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၃၀) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဒေသခံ ရိုဟင်ဂျာ (၇) ဦးထံမှ ထင်းစည်း ၂၀၀ စည်းကို မတရား သိမ်းယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ ဒေသခံ (၇) ဦးသည် ထင်းများကို တောင်မှ ခုတ်ယူလာခဲ့ခြင်း ဖြစ်ပြီး၊ ထင်းစည်း တစ်စည်း၏ တန်ဖိုးမှာ ကျပ် တစ်ထောင် ရှိသည့် အတွက် စုစုပေါင်း ငွေကျပ် နှစ်သိန်းဖိုး ဆုံးရှုံးခဲ့ရသည်။

ထင်းစည်းများ သိမ်းဆည်းခံရသည့် ပိုင်ရှင် (၇) ဦးမှာ --

(၁) မော်လ၀ီ ဦးအနိုဝါရ် (ဘ) ဦးအာဘူရှော်မာ (အသက် ၃၅ နှစ်)
(၂) ကိုဟာဆောင် (ဘ) ဦးရှုနာအလီ (အသက် ၂၀ နှစ်)
(၃) ဦးမာမတ် (ဘ) ဦးဖေရန်အလီ (အသက် ၄၂ နှစ်)
(၄) ဦးအာဘူလ်ဟာရှိမ် (ဘ) ဦးရှော်မုလုခ် (အသက် ၃၅ နှစ်)
(၅) ဦးဆော်လီမုလ္လာ (ဘ) ဦးအာဘူလ်ဟူစိန်း (အသက် ၃၂ နှစ်)
(၆) ဦးအာမန်အုလ္လာ (ဘ) ဦးနော်ဇိရ်အာမတ် (အသက် ၅၀ နှစ်)
(၇) ဦးနူရ်မာမတ် (ဘ) ဦးဇော်ဖောရ် (အသက် ၄၅ နှစ်) -- တို့ဖြစ်သည်။

အလားတူ မေလ (၃၀) ရက်နေ့တွင်ပင် ဦးအာဘူလ်ဟာရှိမ် (ဘ) ဦးဖော်ယာစ် (အသက် ၃၃ နှစ်) ကို နေအိမ် ပြုပြင် ခဲ့သည့် အတွက်ဟု ဆိုကာ ငွေကျပ် တစ်သောင်း ညှစ်ယူခဲ့သည်။

မေလ (၂၉) ရက်နေ့ကလည်း ကော်ဘိရ်အာမတ် (ဘ) ဦးမုစ်တာအာမတ် (အသက် ၂၇ နှစ်) ကို ဘင်္ဂလားဖုန်း ကိုင်ဆောင်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus