နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်စရစ်လုပ် ရောင်းသူများထံမှ အာဏာပိုင်များ ငွေညှစ်




RB News
7.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၅) နယ်မြေ အပိုင် မောင်နှမ ကျေးရွာမှ ကျောက်စရစ်လုပ် ရောင်းချသူများထံမှ ရွာအုပ်ချုပ်ရေးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့က ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ အမှတ် (၅) နယ်မြေ အပိုင် မောင်နှမ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၄) ဦး တို့သည် တောင်ခြေမှ ကျောက်ဆောင်များကို ဖျက်၍ ကျောက်စရစ် လုပ်ပြီး ရောင်းချ၍ အသက် မွေးဝမ်းကျောင်း ပြုနေကြရာ၊ အဆိုပါ ဒေသခံ (၄) ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံထွန်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူး ဦးအောင်ကျော်လှ တို့ပူးပေါင်း၍ မေလ (၂၇) ရက်နေ့က ဖမ်းဆီးခဲ့သည်။ အဆိုပါ ဒေသခံ (၄) ဦးကို ဖမ်းဆီး၍ တစ်ဦးထံမှ ငွေကျပ် နှစ်သိန်းစီ ညှစ်ယူပြီး၊ မေလ (၂၈) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငွေကျပ် နှစ်သိန်းစီ ညှစ်ခံရသည့် ဒေသခံ (၄) ဦးမှာ --

(၁) ဦးရှော်မ်ရှုအာမီးန် (ဘ) ဦးလာလ်မောတ် (အသက် ၃၅ နှစ်)
(၂) အုစ်မာန် (ဘ) ဦးဖော်ယာစ် (အသက် ၂၄ နှစ်)
(၃) အီလီယာစ် (ဘ) ဦးဂျမာလ် (အသက် ၂၅ နှစ်)
(၄) ဂျမာလ် (ဘ) ဦးရှော်ဘိရ် (အသက် ၂၀ နှစ်) တို့ဖြစ်သည်။

ထို့အပြင် ဟာဘဲစ်အာမတ် (ဘ) ဦးမာမတ် (အသက် ၁၈ နှစ်) သည် အိမ်ပြင်ရန် အတွက် တံမြက်စည်းပင် အချို့ကို ခုတ်ယူခဲ့ရာ သစ်တော ဥပဒေဖြင့် ငြိစွန်းသည်ဟု ဆိုကာ ၎င်းထံမှ ငွေကျပ် ၇ သောင်း ညှစ်ယူခဲ့ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus