နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်လှေကားမှ လူဦးရေ စာရင်း အစစ်မခံသူ (၁၂) ဦးကို ထောင် ၂ နှစ်ချမည်ဟု ပြောဆို



Rohingya Eye
RB News
26.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာမှ လူဦးရေ စာရင်း ကောက်ခံမှုတွင် ပါဝင် စစ်ဆေးမခံသူ (၁၂) ဦးကို ထောင်ဒဏ် (၂) နှစ်အပြစ်ပေးမည်ဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒု-ကွပ်ကဲရေးမှူးက ပြောဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၂၁) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာ (ဒါရ်ဂါ ဖာရာ) နေ ရပ်မိရပ်မိ (၁၂) ဦးအတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေ (၆) ရုံးက အမိန့် ကြေညာစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ အမိန့်ကြေညာစာတွင် “မိမိတို့ စစ်ဆေးရေး အဖွဲ့ စစ်ဆေးရန် ကွင်းဆင်းချိန်၌ ရပ်ရွာ လူကြီးများ မိမိတို့၏ နေအိမ် အသီးသီးတွင် ရှိနေပြီး စစ်ဆေးခံရန်၊ စစ်ဆေး မခံပါက ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း” ထည့်သွင်း ရေးသား ထားသည်။

ဇူလိုင်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့ များတွင် စစ်ဆေးရေး အဖွဲ့များ လာရောက် စစ်ဆေးခဲ့သော်လည်း မကဖ အဖွဲ့က တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီ စာရင်းများတွင် မတရားသဖြင့် ထည့်သွင်း၍ စာရင်း ပြုစုမည်ကို မလိုလားသည့် အတွက် တိမ်းရှောင် နေခဲ့သဖြင့်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒု-ကွပ်ကဲရေးမှူးက တိမ်းရှောင် နေသူများကို ထောင်ဒဏ် နှစ်နှစ် ချမှတ်၍ အပြစ်ပေးမည်ဟု ပြောဆို ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့၏ အမိန့်ကြေညာစာတွင် ပါရှိသူ (၁၂) ဦးမှာ --

(၁) ဦးအဒူရော်ဇက် (ဘ) ဦးဆွေတာဘောရ် (အသက် ၅၃ နှစ်)
(၂) ဟာဖီးဇ် ဇိုတ်ဟူစိန်း (ဘ) ဦးကာဆိမ်း (အသက် ၄၅ နှစ်)
(၃) ဟာဖီးဇ်ဆာဒဲခ် (ဘ) ဦးအဘူအာဘာစ် (အသက် ၃၀ နှစ်)
(၄) ဦးဆော်နာမုလ္လာ (ဘ) ဦးရှော်ဖီ (အသက် ၃၅ နှစ်)
(၅) ဦးဒိလ်မိုဟာမတ် (အသက် ၄၇ နှစ်)
(၆) ဦးဆီးဒိတ်ခ် (အသက် ၅၃ နှစ်)
(၇) ဦးဇော်ဟိရ်အာမတ် (ဘ) ဦးအဒူဆူဖူရ် (အသက် ၆၅ နှစ်)
(၈) ဦးမိုဟာမတ် အခ်ဘောရ် (ဘ) ဦးဆွေတာဘော်ရ် (အသက် ၄၃ နှစ်)
(၉) မော်လ၀ီ ဦးဂျမာလ် (အသက် ၄၂ နှစ်)
(၁၀) ဦးနူရ်အာလမ် (ဘ) ဦးဆွေယာဒ်ဒူရာမန် (အသက် ၄၂ နှစ်)
(၁၁) ဦးဆွေယာဒ်ဒူကော်ဘိရ် (အသက် ၃၀ နှစ်)
(၁၂) - အမည်စုံစမ်းဆဲ -- တို့ဖြစ်ပါသည်။

ယခင်က ပြုလုပ်ခဲ့သည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် လ၀က် ပုံမှန် အစည်းအဝေးတွင် လည်းကောင်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေ (၆) မှ ထုတ်ပြန်သော အမိန့်ကြေညာစာတွင် လည်းကောင်း၊ မောင်တောမြို့နယ် တောင်ပိုင်း မကျီးချောင်း (ဖါတောန်ဇာ) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် မောင်နီရွာမှ ငါးဖမ်း စက်လှေ ပိုင်ရှင်များနှင့် တွေ့ဆုံပွဲတွင် လည်းကောင်း၊ လူဦးရေ စာရင်း ကောက်ခံခြင်းနှင့် ပတ်သက်၍ ခြိမ်းခြောက်မှုများ အမျိုးမျိုး အဖုံဖုံ ပြုလုပ်ခဲ့သောကြောင့် မောင်တောမြို့မှ ဒေသခံ ရိုဟင်ဂျာ စိုးရိမ် ပူပန် သောက ရောက်လျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus