နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မင်္ဂလာကြီး အ.လ.က တွင် စာသင်ရန် ဆရာ/မ မရှိ ဖြစ်နေ



RB News
22.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၆) နယ်မြေ အပိုင် မင်္ဂလာကြီး ကျေးရွာရှိ အခြေခံ ပညာ အလယ်တန်းကျောင်းတွင် စာသင်ရန် ဆရာ/မ မရှိ ဖြစ်နေသည်ဟု သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ အမှတ် (၆) နယ်မြေ အပိုင် မင်္ဂလာကြီး ကျေးရွာရှိ အခြေခံ ပညာ အလယ်တန်းကျောင်းတွင် ကျောင်းသား/သူ ၁၁၄၀ ဦးရှိပြီး၊ စာသင်ရန် ဆရာ (၁) ဦးနှင့် ဆရာမ (၈) ဦး ရှိခဲ့သော်လည်း ယခုအခါ စာသင်ရန် ဆရာ/မ မရှိ ဖြစ်နေသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“အစိုးရခန့် ဆရာ/မ တွေက ကျောင်းကို လာဖို့အတွက် သုံးဘီးကား တစ်စီး စီစဉ်ပေးရမယ်လို့ ဒေသခံ ရွာသားတွေကို ပြောတယ်။ သုံးဘီးကား ငှားမပေးရင် မင်းတို့ ကလေးတွေကို စာသင် မပေးနိုင်ဘူးလို့ ပြောတော့ အဲဒီ သုံးဘီးကား ကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းကော်မတီဝင် တွေနဲ့ ဆရာ/မ တွေ အစည်း အဝေးလုပ်တယ်။ အစည်းအဝေးမှာ ကျောင်းကော်မတီ ၀င်တွေက သုံးဘီးကား ငှားဖို့ ကိစ္စကို တာဝန်မယူနိုင်ဘူးလို့ ပြောလိုက်တော့ ကျောင်းဆရာ/မ တွေ ကျောင်းကို စာသင်ဖို့ မလာတော့ဘူး” ဟု အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

ကျောင်းသား/သူ ၁၁၄၀ ဦးမှာ စာသင်ရန် ဆရာ/မ များ မရှိတော့သဖြင့် ပညာရေး ဆုံးရှုံးနေရပြီး၊ ကျောင်းသား/သူ များ၏ မိဘများက သားသမီးများကို ပညာတတ်များ ဖြစ်စေချင်သော်လည်း စေတနာ မရှိသည့် ဆရာ/မ များကြောင့် ပညာရေး တိုးတက်မြင့်မားအောင် ပြုလုပ်မည့် နည်းလမ်း မရှိသဖွယ် ဖြစ်နေသည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus