နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံ ရွာသား တစ်ဦးကို ရိုက်နှက်



MYARF
RB News
16.8.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးက မတရားသဖြင့် ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁၁) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးသည် အဆိုပါ ကျေးရွာမှ လဘက်ရည်ဆိုင် ရောင်း၍ အသက်မွေးဝမ်းကြောင်း ပြုနေသူ ဒေသခံ ရိုဟင်ဂျာ ဦးမိုဟာမတ်ဆော်လိမ် (ဘ) ဦးနူရ်ဟူစိန်း ထံမှ ပလတ်စတစ် ထိုင်ခုံ (၅) ခုံတောင်းရာ၊ ဦးမိုဟာမတ်ဆော်လိမ်က ထိုင်ခုံ တစ်ခုံလျှင် ငွေကျပ် ၈၅၀၀/- ထိုင်ခုံ ၅ ခုံလျှင် ငွေကျပ် ၄၂၅၀၀/- ပေးမှသာ ပေးနိုင်မည်ဟု ပြောသဖြင့် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်သန်းဌေးက ဦးမိုဟာမတ် ဆော်လိမ်ကို အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင်သွားပြီး လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးသည် လွန်ခဲ့သည့် ဇွန်လတွင်လည်း ဂျော်မိလ် (ဘ) ဦးအိန္နားမီးန်အား ၎င်း၏ နေအိမ်သို့ လုပ်အားပေးရန် ခေါ်ခဲ့ရာ လာရောက်ရန် ပျက်ကွက်ခဲ့သဖြင့် လူမဆန်စွာ ရိုက်နှက် နှိပ်စက် ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဦးမောင်သန်းဌေးသည် ဒေသခံ ရွာသားများ ထံမှ ပစ္စည်းများ မတရား ရယူရန် အမြဲတစေ ကြိုးစားလေ့ ရှိသူဖြစ်ပြီး၊ ၎င်းအလိုကျ မရရှိပါက လူမဆန်စွာ ရိုက်နှက်လေ့ ရှိသည်ဟု သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus