နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်လှေကားမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၉) ဦး ဖမ်းဆီးခံရ



Rohingya Eye
RB News
2.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖ (၁၂) ဦးကို အစစ်ဆေးခံရန် အမိန့်စာ ထုတ်ပြန်ပြီးနောက် သြဂုတ်လ (၁) ရက်နေ့ နံနက် အစောပိုင်းတွင် ဒေသခံ (၉) ဦးကို ဖမ်းဆီးသွားကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖ (၁၂) ဦးကို အစစ်ဆေးခံရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေ (၆) ရုံးက အမိန့်စာ ထုတ်ပြန်ပြီးနောက် သြဂုတ်လ (၁) ရက်နေ့ နံနက် (၃) နာရီ အချိန်တွင် ဒေသခံ (၉) ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ ဒေသခံ (၉) ဦးကို ဖမ်းဆီးရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ကား (၆) စီးဖြင့် ရောက်ရှိလာခဲ့ပြီး ကျီးကန်းပြင် ဌာနချုပ်သို့ ခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရပါသည်။

ဖမ်းဆီးခံရသူများမှာ --

(၁) အီဒီရီစ် (ဘ) ဦးဇော်ဟိရ်အာမတ် (အသက် ၁၈ နှစ်)
(၂) ဦးနူရ်အာလာမ် (ဘ) ဦးဆွေယာဒူရောန် (အသက် ၄၂ နှစ်)
(၃) မာမတ်နူရ် (ဘ) ဦးနူရ်အာလာမ် (အသက် ၂၅ နှစ်)
(၄) ကိုချီနား (ဘ) ဦးနူရ်အာလာမ် (အသက် ၁၇ နှစ်)
(၅) နူရူအာမီးန် (အသက် ၁၈ နှစ်)
(၆) ဦးဇော်ဟိရ်အာမတ် (အသက် ၅၀ နှစ်)
(၇) ဟာဖီးဇ် ရှော်ဘူးအာလာမ် (အသက် ၂၈ နှစ်)
(၈) ဟာဖီးဇ် ရှော်ဘူးအာလာမ်၏ တူတော်မောင် တစ်ဦး
(၉) ဦးနူရ်အာလာမ်၏ နွားကျောင်းသား တစ်ဦး - တို့ဖြစ်သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့က လူဦးရေ စာရင်း စစ်ဆေးမည်ဟု ခေါင်းစဉ်တပ်၍ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂလီများဟု စာရင်းပြုစု နေသည့် အတွက် ဒေသခံ ရိုဟင်ဂျာများက ပါဝင် အစစ်ဆေးခံရန် ငြင်းဆန် နေခြင်း ဖြစ်သည်။ အစစ်ဆေး မခံသည့် အတွက်ဟု ဆိုကာ ဖမ်းဆီး နေခြင်း ဖြစ်ပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးနူရူအာမီးန်က ကျီးကန်းပြင် ဌာနချုပ်သို့ သွားရောက်၍ စုံစမ်း မေးမြန်း ခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

ယနေ့ ရရှိသည့် သတင်းများ အရ ဟာဖီးဇ် ရှော်ဘူးအာလာမ်၏ တူတော်မောင် (အသက် ၁၇ နှစ်) အား ပြန်လည် လွှတ်ပေးသည်ဟု သိရှိရပြီး၊ ၎င်းတို့ကို ဖမ်းဆီးစဉ်က နေအိမ်များရှိ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ငွေများ လုယက်ခြင်း များကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ခြင်းများ ရှိခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus