နောက်ဆုံးသတင်း/ဆောင်းပါးများ

လူဦးရေ စစ်ဆေးမှုတွင် ပါဝင်ရန် ငြင်းဆန်သူများကို ငါးဖမ်းခွင့် ပိတ်ပင်ထား




MYARF
RB News
20.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ ပူးပေါင်း၍ လူဦးရေ စာရင်း စစ်ဆေးသည်ဟု ခေါင်းစဉ်တပ်၍ န.စ.က ကဲ့သို့ အတင်းအဓမ္မ ဘင်္ဂလီ ဇတ်သွင်းရာတွင် ပါဝင်ရန် ငြင်းဆိုသူ များကို ငါးဖမ်းခွင့် ပိတ်ပင် ထားကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့ ပူးပေါင်း၍ လူဦးရေ စာရင်း စစ်ဆေးသည်ဟု ခေါင်းစဉ် တပ်၍ န.စ.က ကဲ့သို့ အတင်း အဓမ္မ ဘင်္ဂလီ ဇတ်သွင်းရာတွင် ပါဝင်ရန် ငြင်းဆိုသူ များကို ဇူလိုင်လ (၁၂) ရက်နေ့မှ စ၍ ငါးဖမ်းခွင့် ပိတ်ပင် ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ငါးဖမ်းခွင့် ပိတ်ပင် ထားသည့်အတွက် ငါးဖမ်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသည့် ဒေသခံ ရိုဟင်ဂျာများမှာ စားဝတ် နေရေး ကျပ်တည်းလျက် ရှိသည်ဟု ဆိုသည်။ ငါးဖမ်း စက်လှေ ပိုင်ရှင် များထဲမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ လူဦးရေ စာရင်း ကောက်ခံခြင်း အမည်ခံ စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးခံသည့် စက်လှေ ပိုင်ရှင်အချို့ကို ငါးဖမ်းခွင့် ပြန်လည် ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

မြို့မ ကညင်တန်းနှင့် မောင်နီရွာများတွင် ငါးဖမ်း စက်လှေ ၁၇ စီး ရှိသည့်အနက် စစ်ဆေးခံခဲ့သည့် ဦးလာလ်မျာကို ပင်လယ်ပြင်တွင် ငါးဖမ်းရန် ပြန်လည် ခွင့်ပြုခဲ့ပြီး၊ အခြားကျေးရွာ များတွင်လည်း ပါဝင် စစ်ဆေးခံသည့် စက်လှေ ပိုင်ရှင်များကို ငါးဖမ်းခွင့် ပေးခဲ့သည်။ စက်လှေ ပိုင်ရှင် အများစုမှာ ငါးဖမ်းခွင့် ဆုံးရှုံးနေပြီး၊ စားဝတ် နေရေး ကျပ်တည်းလျက် ရှိသော်လည်း မိမိတို့၏ ဘိုးစဉ်ဘောင်ဆက် လူမျိုးအမည် အတွက် စည်းလုံးစွာ ရပ်တည် နေသည်ဟု ဒေသခံများက ပြောပါသည်။

သြဂုတ်လ (၁၇) ရက်နေ့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရုံးမှ G1 နှင့် တပ်ရင်းမှူးတို့သည် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာသို့ ရောက်ရှိလာပြီး အာဏာပိုင်များ၏ သတင်းပေး ဖြစ်သူ ဦးရော်ဖိတ် (ဘ) ဦးဟာဘီရာမန် တို့နှင့် တွေ့ဆုံပြီး၊ ငါးဖမ်း စက်လှေ အများအပြား ရှိသည့် အနက် စစ်ဆေးခံခဲ့သည့် စက်လှေ ပိုင်ရှင် (၃) ဦးကိုသာ ငါးဖမ်းခွင့် ပြန်လည် ပေးခဲ့ပြီး၊ ကျန်သည့် စက်လှေ ပိုင်ရှင်များကို ငါးဖမ်းခွင့် ရလိုလျှင် ဦးရော်ဖိတ်ထံတွင် စစ်ဆေးခံပြီးမှ ပြန်လည် ရရှိမည်ဟု ပြောကြား သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ရိုဟင်ဂျာ စက်လှေ ပိုင်ရှင် အများစုမှာ ငါးဖမ်းခွင့် ပိတ်ပင်ခံရသော်လည်း ဘင်္ဂလီ အမည်ဖြင့် လုံးဝ စစ်ဆေးခံမည် မဟုတ်ဟု ပြောဆို နေကြကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus