နောက်ဆုံးသတင်း/ဆောင်းပါးများ

နိုင်ငံသား လျှောက်သူ ၁၀၀၀ ကျော် မြေပုံမြို့မှာ စတင်စီစစ်

ရိုဟင်ဂျာ လူမျိုးများကို သန်းခေါင်စာရင်း ကောက်ခံ နေစဉ် (ဓါတ်ပုံ - အေပီ / ခင်မောင်ဝင်း)

5.8.2014

ရခိုင်ပြည်နယ်၊ မြေပုံမြို့မှာ မြန်မာ နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားတဲ့ မွတ်စလင် တစ်ထောင်ကျော်ကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေနဲ့ အညီ လူတွေ့ စစ်ဆေး မေးမြန်းမှုကို မြို့နယ် အဆင့် အဖြစ် ဒီနေ့ စတင် စစ်ဆေး နေပါတယ်။

စစ်ဆေးပုံ အဆင့်ဆင့်နဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့ အထဲမှာ ပါဝင်တဲ့ ရခိုင် ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက အခုလို ပြောပါတယ်။

"သူတို့ အဖေ၊ အမေ၊ အဖိုး၊ အဘွားတွေရဲ့ အချက်တွေ ချည်းပဲ ပြောပြီးတော့ တို့ဆီမှာ လျှောက်လွှာ တင်ထားတာ ပေါ့နော် အဲ့လျှောက်လွှာကို ရုံးချုပ်မှာ ရှိတဲ့ မှတ်တမ်း မှတ်ရာ တွေနဲ့ ရှာဖွေ ပြီးတော့မှ အဲ့သူတို့ရဲ့ အဖေ မှတ်တမ်း၊ အမေ မှတ်တမ်း တွေထည့်၊ ထည့်ပြီးတော့မှ အမှုတွဲ တည်ဆောက် ထားပြီးတော့မှ အဲ့တည်ဆောက် ထားပြီးသား အမှုတွဲ တွေကို မြို့နယ် နိုင်ငံသား စိစစ်ရေး အဖွဲ့ကနေ ပြီး ခေါ်ယူ တွေ့ဆုံပြီးမှ တစ်ဦးချင်း မှတ်တမ်းနဲ့ တိုက်ပြီး နည်းနည်း အပြင်မှာ ရှိတဲ့ အနေ အထား တွေကို မှတ်တမ်း မှတ်ရာမှတ် မှန်မမှန် ပေါ့နော် တစ်ဦးချင်းရဲ့ အဖေ၊ အမေ ရှိမရှိ ဒါတွေ စစ်ပေးတာ ပေါ့နော်"

မြန်မာ နိုင်ငံသား ဖြစ်ခွင့် လျှောက်လွှာ တွေကို ဇွန်လ ၁၅ ရက်နေ့မှာ စတင် လက်ခံ ခဲ့တာ ဖြစ်ပြီး ဒီနေ့က စပြီး နိုဝင်ဘာ လမှာ အပြီး စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ကို မြန်မာ နိုင်ငံသား ဖြစ်ခွင့် စစ်ဆေးပြီး သွားရင် အသိအမှတ်ပြု ကတ်ပြား ထုတ်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Comment ရေးရန်

Rohingya Exodus