နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ ဆိုတာ ရိုဟင်ဂျာတွေ ပိုင်တဲ့ အမည်နာမ

နေဆန်းလွင်
RB News
27.8.2014

‌မော့ဂ်တွေကို ရခိုင်လို့ ခေါ်ပါ ပြောတော့ အကုန်လုံးက ရခိုင်လို့ဘဲ ခေါ်ကြတယ်။ ကျွန်တော် တို့လည်း ရခိုင်လို့ဘဲ ခေါ်ကြတယ်။ အဲဒါ သူတို့ရဲ့ အခွင့် အရေးကို လေးစားလို့ပါ။

ရိုဟင်ဂျာ ဆိုတာ အခုမှ ထွင်လိုက်တဲ့ အမည်သစ် မဟုတ်တာ အသေအချာဘဲ။ ရခိုင် အစွန်းရောက်တွေ အတွက် ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရက ခါးခါးသီးသီး ဖြစ်နေရတဲ့ အကြောင်းရင်း အမှန်ကတော့ သမိုင်းမှန်ကို လက်ခံလိုက် ရမှာမို့ပါ။

ရခိုင်တွေက ရိုဟင်ဂျာတွေကို လူသားချင်း စာနာ ခဲ့တာလား၊ မော့ဂ် ပင်လယ် ဓါးပြတွေက အာရ်ကာန် ဒေသကို ကျူးကျော် ၀င်ရောက် ခဲ့တာလား ဆိုတာ အာရ်ကာန် ဒေသရဲ့ သမိုင်း အမှန်က သက်သေခံ ပါလိမ့်မယ်။

အင်အားနဲ့ အနိုင်ကျင့်၊ မီဒီယာ အားကိုးနဲ့ တဖက်သတ် ပြောနေတဲ့ ရခိုင် အစွန်းရောက် တွေနဲ့ သမိုင်းလိမ်ကို ထောက်ခံပြီး Genocide ကို အကောင် အထည် ဖော်နေတဲ့ ဦးသိန်းစိန် အစိုးရ ကတော့ စားပွဲဝိုင်းမှာ ထိုင်ပြီး သမိုင်း အမှန်ကို စကားစစ် ထိုးဖို့ သတ္တိ မရှိကြဘူး။

လမင်းကို ခွေးဟောင် သလိုပါဘဲ .. အင်အားနဲ့ အနိုင်ကျင့် ရက်စက်လို့ ရနေပါလိမ့်မယ် .. အချိန် အတိုင်းအတာ တစ်ခု အထိပေါ့။ သမိုင်းကို လိမ်တယ်ဆိုတာ ရာဇ၀တ်မှု ကျူးလွန်တာမျိုးပါဘဲ .. ရာဇ၀တ်မှုကို ရှောင်ပုန်းလို့ ရရိုး ထုံးစံမရှိဘူး ..

ရိုဟင်ဂျာ ဆိုတာ ခင်ဗျားတို့ ပိုင်တဲ့ အမည်နာမ မဟုတ်ဘူး .. အဲဒီ အမည်နာမ ပိုင်ဆိုင်တဲ့ လူတွေက လက်ခံပြီး သုံးသရွေ့ ရိုဟင်ဂျာ ဆိုတာ ရှိနေမှာဘဲ ..



Comment ရေးရန်

Rohingya Exodus