နောက်ဆုံးသတင်း/ဆောင်းပါးများ

လိပ်ရကျေးရွာတွင် BGP များ ၀င်ရောက်၍ ဒေသခံများ ပစ္စည်းများ ဖျက်ဆီး




RB News
11.9.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်ချောင်း ကျေးရွာ အုပ်စုသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်၍ ဒေသခံများ၏ ပစ္စည်းများ ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း လိပ်ရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးသည် ကျောက်ချောင်း ကျေးရွာသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များ အတွင်းရှိ သေတ္တာများ၊ ဗီရိုများကို ရှာဖွေပြီး ဖျက်ဆီးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းများ ရှာဖွေခြင်းသည်ဟု ဆိုသော်လည်း နေအိမ်များမှ ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်း တစ်စုံတစ်ရာ ရှာဖွေ တွေ့ရှိခြင်း မရှိကြောင်း သိရှိရပါသည်။

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကို ဦးဆောင်သူမှာ အမည်မသိ ဒုရဲအုပ် တစ်ဦး ဖြစ်ပြီး၊ ၎င်းသည် လက်နက်ဖြင့် ခြိမ်းခြောက်၍ လုပ်ပိုင်ခွင့် အာဏာကို အလွဲစားသုံး ပြုလုပ်ပြီး ဒေသခံများကို မကြာခဏ ညှဉ်းပန်း နှိပ်စက် နေသော်လည်း အထက်အရာရှိ များက မသိကျိုးကျွံ ပြုလျက် ရှိနေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ကျောက်ချောင်း အလယ်ရွာမှ ရာအိမ်မှူး ဖြစ်သူ ဦးလူဒါမျာ၏ ဇနီးဖြစ်သူကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ပစ္စည်းများ ဖျက်ဆီးခံရသူ များမှာ --

(၁) ဦးအဘူဘော်ကော်ရ် (ဘ) ဦးနူရ်အာမတ် (ကျောက်ချောင်း ရွာသစ်)
(၂) ဦးနူရ်အာလာမ် (ကျောက်ချောင်း ရွာသစ်)
(၃) ဦးဖုန့်နာ (ဘ) ဦးတာဇော် (ကျောက်ချောင်း ရွာသစ်)
(၄) ဦးဂေါ်ဖုရ်မျာ (ဘ) ဦးရှုကူရ် (ကျောင်းချောင်း အလယ်ရွာ) -- တို့ဖြစ်ပါသည်။

Comment ရေးရန်

Rohingya Exodus