နောက်ဆုံးသတင်း/ဆောင်းပါးများ

BGP နယ်မြေရုံး ခြံစည်းရိုး ကာရန် အတွက် ဒေသခံများထံမှ ငွေ ၇၀၀၀/- စီ အတင်း တောင်းခံလျက်ရှိ




MYARF
RB News
31.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေမှူးက နယ်မြေရုံး ခြံစည်းရိုး ကာရန်အတွက် ဒေသခံများထံမှ အတင်းအဓမ္မ တောင်းခံမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေမှူးက နယ်မြေရုံး ခြံစည်းရိုး ကာရန် အတွက် အလယ်သံကျော်၊ ကံပူးနှင့် ၀ါးချ ကျေးရွာ အုပ်စုများရှိ ဒေသခံ ရိုဟင်ဂျာများထံမှ အိမ်ထောင်စု တစ်စုလျှင် သစ်သားတိုင် ၁၀ တိုင်စီ ကောက်ခံပေးရန် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး များကို အမိန့်ပေးခဲ့သည်။

ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး များက နယ်မြေမှူး၏ အမိန့်အတိုင်း ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာများကို ဆင်းရဲ၊ ချမ်းသာ မခွဲခြားဘဲ သစ်သားတိုင် ၁၀ တိုင်စီ ပေးရန် အတင်း အဓမ္မ တောင်းခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ယခုအချိန်တွင် ဒေသခံများမှာ တောင်ပေါ်သို့ သွားရောက်၍ သစ်မခုတ်နိုင်သဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တောင်းခံသည့် သစ်သားတိုင်များ ပေးရန် အခက်ကြုံလျက် ရှိကြသည်။ သွားလာရေး ကန့်သတ် ပိတ်ပင် ထားခံရသည့် ဒေသခံများ စားသောက်ရန်ပင် ခက်ခဲလျက် ရှိချိန်တွင် အုပ်ချုပ်ရေးမှူးများက သစ်သားတိုင် ၁၀ တိုင် မပေးနိုင်လျှင် တိုင်တစ်တိုင်လျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ငွေကျပ် ၇၀၀၀ ပေးရန် ဖိအားပေး နေကြောင်း ဒေသခံများက ဆိုသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေရုံး၏ ခြံစည်းရိုး ကာရန် အတွက် နိုင်ငံတော်၏ ငွေကြေးဖြင့် စီမံရမည် ဖြစ်သော်လည်း ဒေသခံ ရိုဟင်ဂျာများ ထံမှ လိုင်စင်ရ ဓါးပြများ သဖွယ် တောင်းခံလျက် ရှိနေခြင်း ဖြစ်သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တာဝန်မှာ နယ်မြေ လုံခြုံရေး အတွက်သာ ဖြစ်သော်လည်း ၎င်းတို့သည် နယ်မြေတွင်းတွင် လိုင်စင်ရ ဓါးပြများ ကဲ့သို့ ပြုမှုလျက် ရှိသည်။

Comment ရေးရန်

Rohingya Exodus