နောက်ဆုံးသတင်း/ဆောင်းပါးများ

ရွက်ညိုတောင် စခန်းမှ စစ်သားများက ဒေသခံများကို အကြမ်းဖက်



MYARF
RB News
16.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်စခန်းမှ စစ်သားများသည် သရက်အုပ် ကျေးရွာ အုပ်စုသို့ ၀င်ရောက်၍ ဒေသခံများကို အကြမ်းဖက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၅) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်စခန်း (စခန်း ၁၂) မှ စစ်သား ၂၅ ဦးသည် သရက်အုပ် ကျေးရွာ အုပ်စု၊ အနောက်ရွာသို့ ၀င်ရောက်၍ ဦးအစ္စလာမ် (ဘ) ဦးအီဗြာဟိမ်း၏ နေအိမ် တံခါးကို ရိုက်ချိုး ၀င်ရောက်ပြီး အိမ်သုံး ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ ဘီဒိုနှင့် သေတ္တာများကို ဖျက်ဆီးခဲ့သည့် အပြင် အိမ်ထောင်စု စာရင်းနှင့် အခြားသော အရေးကြီးသည့် စာရွက်စာတမ်း များပါ ယူဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

စစ်သားများက ဦးအစ္စလာမ်၏ နေအိမ်ကို ၀င်ရောက်လာစဉ် ဦးအစ္စလာမ်က နေအိမ်မှ ထွက်ပြေး တိမ်းရှောင် သွားခဲ့ပြီး၊ စစ်သားများက ၎င်းကို ဖမ်းဆီးရန် ရှာဖွေလျက် ရှိကြောင်း သိရှိရပါသည်။

စစ်သားများက စိတ်တိုင်းကြိုက် အကြမ်းဖက် ဖျက်ဆီးပြီးနောက် ရွာမှ ပြန်လည် ထွက်ခွာလာရာ၊ ကင်းသမား များက ၎င်းတို့၏ လုံခြုံရေး တာဝန်အရ အော်ဟစ်၍ “ဘယ်သူတွေလဲ” ဟု မေးမြန်းသည်ကို အကြောင်းပြု၍ ကင်းသမား များကို အဆိုပါ စစ်သားများက လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အောက်တိုဘာလ (၁၄) ရက်နေ့ ည ၈ နာရီ အချိန်တွင်လည်း အဆိုပါ စစ်သားများက ၎င်းရွာနေ ဦးဟာကီးမ် အလီ (ဘ) ဦးအီဗြာဟိမ်းနှင့် အရှေ့ရွာမှ မော်လ၀ီ ဦးအုစ်မာန် (ဘ) ဦးအဒူလ်အာမီးန် တို့ကို အကြောင်းမဲ့ ရိုက်နှက် ခဲ့သည်။

ယခုရက်ပိုင်းတွင် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း များကို နယ်ခြားစောင့် ရဲတပ်ဖွဲ့များ အပြင် ကျေးရွာများတွင် လုံခြုံရေး တာဝန်ယူ ထားသည့် စစ်သားများပါ ကျူးလွန်လျက် ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus