နောက်ဆုံးသတင်း/ဆောင်းပါးများ

လူငယ်များကို လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်သည်ဟု စွပ်စွဲ၍ ဖမ်းဆီး နှိပ်စက်လျက်ရှိ



Rohingya Eye
RB News
5.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ လူငယ် အများအပြားကို လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်နေသည်ဟု မဟုတ်မမှန် စွပ်စွဲဖမ်းဆီး၍ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း သစ်တောနား ခွဆုံရွာမှ ကျေးရွာသား ယာဆဲရ်အာရာဖတ် (အသက် ၂၇ နှစ်) သည် မြို့ထဲသို့ ကွမ်းရွက် ရောင်းရန် သွားနေစဉ် ကျီးကန်းပြင် စစ်ဆေးရေး ဂိတ်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ဖမ်းဆီး၍ ကျီးကန်းပြင် ဌာနချုပ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ၎င်းကို လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ပြီး ဒေသခံ လူငယ်များ လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်နေသည်ဟု အတင်း အဓမ္မ ထွက်ဆို ခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

စက်တင်ဘာလ (၂၈) ရက်နေ့နှင့် (၂၉) ရက်နေ့မှ စ၍ ဘာသာရေး ကျောင်းသားများကို ပစ်မှတ် ထားပြီး မော်လ၀ီ ကျောင်းသား လူငယ် (၂၁) ဦးကို ဖမ်းဆီးခဲ့သည်။ အဆိုပါ လူငယ် များကို အမှတ် (၄) နယ်မြေ လိပ်ရ ကျေးရွာ၊ အမှတ် (၅) နယ်မြေ ငါးခူရ ကျေးရွာနှင့် ကျီးကန်းပြင် ဌာနချုပ် တို့တွင် ချုပ်နှောင် ထားပြီး လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ အတင်း အဓမ္မ ၀န်ခံခိုင်းလျက် ရှိရာ၊ ညှဉ်းပန်း နှိပ်စက်မှုကြောင့် ဆီးလမ်းကြောင်း များပင် ပိတ်ဆို့သွားကြောင်း အမည် မဖော်လိုသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက် အရ သိရှိရပါသည်။

သစ်တောနားခွဆုံ ကျေးရွာမှ ယာဆဲရ်အာရာဖတ်သည် ကွမ်းရွက် ရောင်း/၀ယ်သူ တစ်ဦး ဖြစ်ပြီး၊ မည်သည့် လက်နက်ကိုင် အဖွဲ့နှင့်မှ ဆက်သွယ်မှု မရှိကြောင်း သစ်တောနား ခွဆုံကျေးရွာသား များ၏ ပြောကြားချက် အရ သိရှိရသည်။ သို့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဒေသခံ ရိုဟင်ဂျာများကို မလိုလားအပ်သည့် ပြဿနာများ ဖန်တီးရန် ဖမ်းဆီးပြီး အတင်း အဓမ္မ ထွက်ဆိုခိုင်းကာ အပြစ်မဲ့ လူငယ် ၂၁ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါသည်။

ဖမ်းဆီးခံရသည့် မော်လ၀ီ ကျောင်းသား လူငယ်များမှာ --

(၁) မော်လ၀ီ ဆွေဒူလာမီးန် (ဘ) ဦးဆုလ်တာန် (အသက် ၃၃ နှစ်) -- မင်းကျီး ကျေးရွာ (တူလာတူလီ ဖာရာ)
(၂) အူမောရ်ဖာရုခ် (ဘ) ဦးမာမတ်ရော်ရှိတ် (အသက် ၂၇ နှစ်) -- ကွမ်းသီးပင် ကျေးရွာ (မေဟ်ဒီးဖာရာ)
(၃) မော်လ၀ီ ယူနုစ် (ဘ) ဦးဖော်ကီရ်အာမတ် (အသက် ၃၈ နှစ်) -- ၀ါးချောင်း ကျေးရွာ (၀ါးကီးယောမ် ဖာရာ)
(၄) မာမတ်အာလာမ် (ဘ) ဦးမာမတ်ရော်ရှိတ် (အသက် ၃၂ နှစ်) -- ကွမ်းသီးပင် ကျေးရွာ (မေဟ်ဒီးဖာရာ)
(၅) ဟာဖီးဇ်ဟာဆောင်းအုလ္လာ (ဘ) ဦးအဒူကာဒဲရ် (အသက် ၂၆ နှစ်) -- ကွမ်းသီးပင် ကျေးရွာ (မေဟ်ဒီးဖာရာ)
(၆) မော်လ၀ီအေနာသ်အုလ္လာ (ဘ) ဦးလုခ်မာန် (အသက် ၄၈ နှစ်) -- တမန်းသားကျေးရွာ
(၇) ဘော်ဒီအာလမ် (ဘ) ဦးဆိုက်ဖူလ္လာ (အသက် ၂၅ နှစ်) -- တမန်းသားကျေးရွာ
(၈) ဆိုက်ဖူလ္လာ (ဘ) ဦးဟူဆောင်းအာမတ် (အသက် ၂၁ နှစ်) -- တမန်းသား ကျေးရွာ
(၉) အလီဇူဟာရ် (ဘ) ဦးနူရူအစ္စလာမ် (အသက် ၃၅ နှစ်) -- တမန်းသားကျေးရွာ
(၁၀) ကမာလ်ဟူဆောင်း (ဘ) ဦးအဒူဟာလစ် (အသက် ၂၀ နှစ်) -- တမန်းသားကျေးရွာ
(၁၁) မာမတ်တော်ယုဖ် (ဘ) ဦးမာမတ်အီနုစ် (အသက် ၂၄ နှစ်) -- ပဒါးခါဒေ၀န်အာလီ ကျေးရွာ (ဂါရာတောလ်ဘိလ်ဖာရာ)
(၁၂) မာမတ်တော်ယုဖ် (ဘ) ဦးဂူရာမျာ (အသက် ၂၃ နှစ်) -- ပဒါးခါဒေ၀န်အာလီ ကျေးရွာ (ဂါရာတောလ်ဘိလ်ဖာရာ)
(၁၃) မာမတ်ရှာကဲရ် (အသက် ၂၅ နှစ်) -- ပဒါးခါဒေ၀န်အာလီ ကျေးရွာ (ဂါရာတောလ်ဘိလ်ဖာရာ) -- တို့နှင့် အတူ တောင်ပြို လက်ဝဲ မြို့နယ်ခွဲနှင့် ငရန်းချောင်း ကျေးရွာ တို့မှ (၈) ဦးတို့ ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

အဆိုပါ လူငယ်များ၏ အပေါင်းအသင်း လူငယ်များကို ဖမ်းဆီးရန် ဆက်လက် ရှာဖွေလျက် ရှိသောကြောင့် မောင်တောမြို့နယ် မြောက်ပိုင်းတွင် အထိတ်တလန့် သဖွယ် ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus