နောက်ဆုံးသတင်း/ဆောင်းပါးများ

ကမ္ဘာ့ဘဏ်ကို မြန်မာ့ လူ့အခွင့်အရေး ကိုင်တွယ်စေလို

ဘီဘီစီမြန်မာပိုင်း
7.10.2014

ကမ္ဘာ့ဘဏ် အနေနဲ့ မြန်မာ့ လူ့အခွင့်အရေး ပြဿနာ ကို ကိုင်တွယ် ဆောင်ရွက် စေလိုကြောင်း၊ Human Rights Watch (HRW) လူ့အခွင့်အရေး အဖွဲ့က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။ လာမဲ့ အောက်တိုဘာလ ၁၀ ရက် မှ ၁၂ ရက် အထိ ကျင်းပမဲ့ ကမ္ဘာ့ဘဏ်နဲ့ ငွေကြေး ရန်ပုံငွေ နှစ်ပတ်လည် အစည်းအဝေး အမီ တောင်းဆိုလိုက်တာပါ။

အဆိုပါ အစည်းအဝေး ကို မြန်မာနိုင်ငံလည်း တက်မှာ ဖြစ်ပါတယ်။ Human Rights Watch ရဲ့ စိုးရိမ်ချက် ကို နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့ ထိပ်တန်း သုတေသနမှူး ဂျက်ဆီကာ အယ်ဗန်းစ်က ဘီဘီစီကို ရှင်းပြရာမှာ၊ ကမ္ဘာ့ဘဏ် က ၂၀၁၂ ခုနှစ်ကစလို့ မြန်မာနိုင်ငံနဲ့ ပြန်လည် ဆက်ဆံမှု လုပ်တဲ့ နောက် ပိုင်းမှာ၊ လူနည်းစု မွတ်ဆလင်တွေ၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားတာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်ဘက်က ထောက်ပြတာ မရှိတဲ့ အတွက်၊ နိုင်ငံဖွံ့ဖြိုးရေး အပိုင်းမှာ အကြမ်းဖက်မှု တွေဟာ ကြီးမားတဲ့ အတားအဆီးတွေ ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် လယ်ယာတွေ အကြီးအကျယ် သိမ်းယူတဲ့ ကိစ္စ၊ စနစ်တကျနဲ့ အဂတိ လိုက်စားမှု ရှိတဲ့ ပြဿ နာ တွေကိုလည်း၊ ကမ္ဘာ့ဘဏ် အနေနဲ့ မြန်မာ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း၊ နောက်တချက်က မြန်မာအစိုးရနဲ့ စစ်တပ်ရဲ့ ဘတ်ဂျက် ရသုံးငွေ ဘက်မှာလည်း၊ ထင်သာမြင်သာ မရှိတာကို ကမ္ဘာ့ဘဏ်က ထောက်ပြတာ မရှိကြောင်းလည်း၊ ဂျက်ဆီကာ အယ်ဗန်းစ် က ပြောပါတယ်။

ကမ္ဘာ့ဘဏ် ဥက္ကဌ ဂျင်ကင်မ် ကိုယ်တိုင် က လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုတွေဟာ လူမှု အသိုင်းအဝိုင်းကို ထိခိုက်စေရုံ မကဘဲ၊ နိုင်ငံ့ စီးပွား ဖွံ့ဖြိုးမှု ကိုပါ နစ်နာ ဆုံးရှုံးမှု ဖြစ်စေ နိုင်ကြောင်း ကိုလည်း ကိုးကား ပြောပါတယ်။ အစိုးရသစ် လက်ထက်မှာ အရေးပါတဲ့ လူ့အခွင့်အရေး တိုးတက်မှု ရှိခဲ့ပေမဲ့၊ ၂၀၁၅ ရွေး ကောက်ပွဲ လည်း နီးလာပြီ ဖြစ်လို့၊ လူ့အခွင့်အရေး အကဲဖြတ်မှု ကို သေသေချာချာ စောင့်ကြည့်ဖို့ လိုကြောင်း၊ ဒီရွေးကောက်ပွဲဟာ မြန်မာ့ ပြုပြင်ပြောင်းလဲရေး အတွက် သမိုင်း မှတ်တိုင် ဖြစ်သလို၊ နောက်ကြောင်းလည်း ပြန်လှည့်နိုင်ကြောင်း၊ Human Rights Watch ရဲ့ နိုင်ငံတကာ ဘဏ္ဍရေး အဖွဲ့ ထိပ်တန်း သုတေသနမှူး ဂျက်ဆီကာ အယ်ဗန်းစ် က ဘီဘီစီ ကို ရှင်းပြပါတယ်။

Comment ရေးရန်

Rohingya Exodus